Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsနယ် ပရိသတ်တွေကို ကိုယ်ပိုင်သီချင်းတွေနဲ့...

နယ် ပရိသတ်တွေကို ကိုယ်ပိုင်သီချင်းတွေနဲ့ ဖျော်ဖြေချင်လို့ အခွေထုတ်လိုက်တဲ့ လမင်းကဗျာ

သရုပ်ဆောင် လမင်းကဗျာက သူမရဲ့ ‘ဝီစကီ’လို့အမည်ရတဲ့ တေးစီးရီးကို ပရိသတ်အတွက် ဖေဖော်ဝါရီ လမှာထုတ်ခဲ့ပါတယ်။ အဆိုပါ အခွေထုတ်လုပ်မှု အပိုင်းနဲ့ပတ်သက်တဲ့အကြောင်းကိုတော့ လမင်းကဗျာက အခုလို ပြောပြခဲ့ပါတယ်။

”ဒီအခွေက စီစဉ်ထားတာ တစ်နှစ်လောက်ရှိပြီ။ သီချင်းပုံစံအမျိုးစုံပါပဲ။ သီချင်းခေါင်းစဉ်ကို ‘ဝီစကီ’ လို့ ပေးဖြစ်တာကလည်း လမင်း ဒီလထဲမှာ ဝီစကီဆိုင်ဖွင့်ထားတယ်။ ပရိသတ်လည်း နားစွဲစေလိုတဲ့အတွက် ပေးဖြစ် တာပါ။ ကိုယ်ကတော့ပိုက်ဆံအကုန်အကျခံပြီး ထုတ်ထားတဲ့အတွက် အကောင်းဆုံးတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားမရတဲ့အပိုင်းတွေတော့ရှိတယ်။mtv ထုတ်ရင် အသံပြန်သွင်းဖို့ရှိတယ်။ ဒီအခွေမှာ သီချင်း ၁ဝ ပုဒ်ပါတယ်။ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့မှာ ထွက်ပါမယ်” လို့ ပြောပါတယ်။

တချို့သရုပ်ဆောင်အတော်များများက အခုတလောမှာ သီချင်းစဆိုတဲ့အလုပ်ကိုလည်း လုပ်လာကြတာ ကိုတွေ့ရပါတယ်။ လမင်းကဗျာအနေနဲ့လည်း သရုပ်ဆောင် အလုပ်အပြင် အဆိုပိုင်းကို လုပ်လာရတဲ့အကြောင်း ကိုတော့ ”လမင်းသီချင်းဆိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းက လမင်းတို့ ဇာတ်လမ်းရိုက်ကူးရတာလည်း နည်းလာတယ်။ ဒီတော့နယ်တွေမှာ သီချင်းလိုက်ဆိုဖြစ်တယ်။ သီချင်းဆိုတဲ့အခါမှာလည်း သူများသီချင်းတွေဆိုပြီး ပရိသတ်ဆီက ငွေယူရတာ အားနာလာတယ်။ ဒါကြောင့်လမင်းရဲ့ကိုယ်ပိုင်သီချင်းလေးတွေနဲ့လည်း ဖျော်ဖြေချင်လို့ ဒီအခွေကိုထုတ်တယ်။ ပြီးတော့ လမင်းတို့ရဲ့ ဇာတ်ပို့ဇာတ်ရံဘဝကိုလည်း စိတ်ကုန်လာတယ်။အနုပညာအလုပ်က ကိုယ်ဘဝအတွက်အာမခံချက်မရှိဘူး။ အနုပညာကို စော်ကားတာတော့မဟုတ်ပါဘူး။ ဒီအနုပညာကြောင့်ပဲ လမင်းကဗျာ ဆိုပြီးဖြစ်လာတယ်။ အခုခေတ်က အရင်ခေတ်နဲ့ မတူတော့ဘူး။ ဇာတ်ပို့ဇာတ်ရံတွေက ကိုယ်လူနဲ့ကိုယ် သွားကြတယ်။ လမင်းတို့ဆို မင်းသား၊ မင်းသမီးက လမင်းကို ခေါ်လိုက်ပါလားဆိုမှ ရိုက်ရ တယ်။ ဒါကြောင့် အဆိုပိုင်းကိုလည်း အားထားလာတယ်။ ပြီးတော့ ဒီနှစ်ထဲမှာ စီးပွားရေးတွေလည်းလုပ်ဖြစ်နေတယ်”လို့လမင်းကဗျာဆိုပါတယ်။

ချယ်ရီ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071