Tuesday, July 28, 2026

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန်...

နေပြည်တော်၊ ဇူလိုင် ၂၈ ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက်...

ပဲခူးနှင့် မဒေါက်တွင် မြစ်ရေ စိုးရိမ်ရေမှတ်သို့...

နေပြည်တော်၊ ဇူလိုင်-၂၈ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ပဲခူးမြို့နှင့်...

မုတ်သုံလေ အားကောင်းနေ၍ နိုင်ငံအနှံ့ မိုးရွာမည်၊...

ရန်ကုန်၊ ဇူလိုင် ၂၈ မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံတစ်ဝန်း ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ပြီး...

နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်၊ မသန်စွမ်းကလေးများ၏...

နေပြည်တော်၊ ဇူလိုင် ၂၈ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်...
HomeMoviesဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း...

ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်

ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်မြို့အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးနှင့် ဓာတ်အားဖြန့်ဖြူးမှုပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီ Switch Gear စနစ်သစ်များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အမှတ်(၂) ဓာတ်အားခွဲရုံ [၃၃/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ] တွင် ယခင်အသုံးပြုခဲ့သည့် စက်ကိရိယာဟောင်းများကို ဖယ်ရှားကာ ၁၂ ကေဗွီ ဗို့အားထိန်းချုပ်နိုင်သည့် အဝင်တစ်လိုင်း၊ အထွက်ခြောက်လိုင်းပါ ခေတ်မီ Switch Gear များဖြင့် ဇူလိုင် ၂၆ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဝန်ထမ်းများက စနစ်တကျ အစားထိုးတပ်ဆင်ခဲ့သည်။

ယင်းအဆင့်မြှင့်တင်မှုသည် ဓာတ်အားဖြန့်ဖြူးမှုစနစ်၏ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးနိုင်မည့်အပြင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိုးရာသီအတွင်း ရေကြီးရေလျှံမှုကြောင့် ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဓာတ်အားခွဲရုံအဆောက်အအုံကိုလည်း မူလအမြင့်ထက် နှစ်ပေခန့် ပိုမိုမြှင့်တင် တည်ဆောက်ထားကြောင်း သိရသည်။

Photo- YESC

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်

နေပြည်တော်၊ ဇူလိုင် ၂၈ ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့တွင် ဒီးမော့ဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မော်မော်ခိုင် (ဦးမောင်ရွှေ - လွိုင်ကော်မဲဆန္ဒနယ် အစား) ၏ ကယားပြည်နယ်အတွင်းရှိ ၅ နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ၏ လိုင်စင်သက်တမ်း ပြန်လည်တိုးမြှင့်ပေးရေးနှင့်ပတ်သက်သည့်...

ပဲခူးနှင့် မဒေါက်တွင် မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်၍ ရေကြီးမှုသတိပေး

နေပြည်တော်၊ ဇူလိုင်-၂၈ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ပဲခူးမြို့နှင့် မဒေါက်မြို့တို့တွင် မြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်အကွာတွင် ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင်...

မုတ်သုံလေ အားကောင်းနေ၍ နိုင်ငံအနှံ့ မိုးရွာမည်၊ ဒေသအချို့တွင် မိုးကြီးနိုင်

ရန်ကုန်၊ ဇူလိုင် ၂၈ မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံတစ်ဝန်း ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ မွန်၊ ကရင်နှင့် မကွေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံ ဟယ်လ်ဒီယာမြို့အနီးမှ ဖြတ်ကျော်ခဲ့သည့် အားကောင်းသော မုန်တိုင်းငယ်မှာ အားလျော့ကာ မုန်တိုင်းငယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071