Thursday, May 7, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalဓါးစာခံအလောင်း မှားပို့သည့် ဟားမတ်စ်လုပ်ရပ်က...

ဓါးစာခံအလောင်း မှားပို့သည့် ဟားမတ်စ်လုပ်ရပ်က အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ဟုဆို

စစ်သွေးကြွအုပ်စု၏ ကတိကဝတ်အရ ဟားမတ်စ်အဖွဲ့က ပြန်လွှဲပေးခဲ့သော ရုပ်အလောင်းတစ်လောင်းသည် ကလေးနှစ်ယောက်အမေ အစ္စရေးမိခင်မဟုတ်ဟု အာဏာပိုင်များက စစ်ဆေးဆုံးဖြတ်ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယင်းလုပ်ရပ်သည် အပစ်ရပ်သဘောတူညီချက်ကို ရက်စက်စွာ နှင့် စိတ်ယုတ်မာစွာ ချိုးဖောက်ခြင်းဖြစ်သဖြင့် ယင်းလုပ်ရပ် အတွက် လက်စားချေသွားမည်ဟု သောကြာနေ့တွင် ကတိပြုခဲ့သည်။

၁၅ လကျော်ကြာ စစ်ပွဲကို ရပ်ဆိုင်းထားကာ သဘောတူညီချက်အကောင်အထည်ဖော်မှု ပထမအဆင့် ပြီးမြောက်ခါနီးတွင် ယင်းဖြစ်ရပ်ကြောင့် အမှားအယွင်း အတိမ်းအစောင်း မခံသော အပစ်ရပ်စဲရေးသဘောတူညီချက်၏ အနာဂတ်နှင့်ပတ်သက်၍ သံသယအသစ်များ ဖြစ်စေခဲ့သည်။ သို့သော်လည်း ပါလက်စတိုင်း အကျဉ်းသား ရာနှင့်ချီကို သက်ရှိထင်ရှား အစ္စရေးဓါးစာခံ ခြောက်ဦးနှင့် လဲလှယ်မည့် သဘောတူညီချက်နောက်တစ်ဆင့်သည် ဆက်လက်၍ ဖြစ် မြောက်မည့် အရိပ်အယောင်များရှိနေသည်။

အစ္စရေးဓါးစာခံများနှင့် ပါလက်စတိုင်းများရှိနေသည့် ဧရိယာတစ်ခုကို အစ္စရေးက ဗုံးကြဲခဲ့ပြီးနောက် ရုပ်အလောင်းများ ရောနှောသွားခြင်းဖြစ်နိုင်သည်ဟု ဟားမတ်စ်က သောကြာနေ့တွင် ထုတ်ပြန်ဖြေရှင်းခဲ့ပြီး ယင်းကိစ္စကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်သွားမည်ဟု ဆိုခဲ့သည်။

သောကြာနေ့အနှောင်းပိုင်းတွင်မူ ဂါဇာဒေသတွင်းမှ လူသေရုပ်အလောင်းအကြွင်းအကျန်များကို လက်ခံရရှိခဲ့ကြောင်းနှင့် ယင်းကို အစ္စရေးအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း ကြက်ခြေနီအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းရုပ်ကြွင်းများကို စစ်ဆေးအတည်ပြုရန်အတွက် အစ္စရေး၏ နိုင်ငံတော်မူခင်းဆေးပညာဓါတ်ခွဲခန်းသို့ ပို့ဆောင်သွားမည်ဟု မျှော်လင့်ရသည်။ အလောင်းစစ်ဆေး အတည်ပြုမှုသည် အချိန်မည်မျှကြာမည်ကို လတ်တလောတွင် မသိရသေးပေ။

ဟားမတ်စ်ခေါင်းဆောင် မာမွတ် မာဒါဝီကလည်း စစ်သွေးကြွများသည် အစ္စရေးမိခင် ရှီရီဘစ်ဘတ်စ် ၏ ရုပ်ကလာပ်ကို ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း ကာတာအခြေစိုက် အယ်လ်အာရေဗျ ရုပ်သံဌာနကို ပြောကြားခဲ့သည်။

Ref: အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071