အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့ သြဂုတ် ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြု ပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတားပုံမှန်ပြန် လည်ဖြတ်သန်းသွားလာနိုင်ရေး၊ နယ် စပ်ဒေသပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုအဆင့်အတန်းကို စဉ်ဆက်မပြတ်မြှင့်တင်ပေးနိုင်ရန်အတွက် သင်ကြားရေးဝန်ထမ်းများလေ့ကျင့်ပျိုးထောင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးခြင်း၊ ဆေးဝါးနည်းပညာဆိုင်ရာများဖ လှယ်ခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများကိုဆက်လက်မြှင့်တင် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် မူဝါဒပိုင်းဆိုင်ရာပံ့ပိုးမှုများကို နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအားလက်မှတ်ရေးထိုး အ တည်ပြုကြပြီး NDAA ဥက္ကဋ္ဌဦးထိန်လင်းက ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။