Tuesday, May 12, 2026

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ မွေထိုင်း ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံထွက်ခွာ

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပမည့် "Knock out" မွေထိုင်း ပြိုင် ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ ယနေ့ မေ ၁၂ ရက်ည...

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ဇွန် ၂...

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေးနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတို့ကို ဇွန် ၂ ရက်နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ...

မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည်ပတ်တော့မည်

တပ်မတော်က မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ် လျှောက်ရှိ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ယင်း လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည် ပတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ စီမံမှုတို့ဖြင့်...

ရက်(၁၀၀)စီမံချက်အဖြစ် ပဲခူးတိုင်းမှတောင်သူ(၂)သိန်းခန့်ကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေဘီလီယံ (၃၀၀)ကျော်ထုတ်ချေးမည်

ယနေ့တွင် တောင်သူ(၈)သောင်းဦးခန့်အား ချေးငွေ (၁၆၇)ဘီလီယံကျော်ထုတ်ချေးပေးခဲ့ ပဲခူးတိုင်းအတွင်းမှ တောင်သူ(၂)သိန်းဦးခန့်အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ဘီလီယံ(၃၀၀)ကျော်အား ရက် (၁၀၀)စီမံချက်အရ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း...
HomeNewsLocal Newsဒူကိုနိုမီးတောင် ခရီးစဉ်၌လူသုံးယောက်သေဆုံး

ဒူကိုနိုမီးတောင် ခရီးစဉ်၌လူသုံးယောက်သေဆုံး

မေလ ၁၁ ရက်

အင်ဒိုနီးရှားနိုင်ငံ၊ မြောက်မာလူကူပြည်နယ်ရှိ မီးတောင်များသို့ သွားရောက်ခဲ့သည့် ၁၁ ရက်ကြာ ခရီးစဉ်သည် လေ့ကျင့်မှုအချို့ လိုအပ်သော်လည်း လူသစ်တန်းအဆင့်သာဖြစ်သည်ဟု ခရီးသွားအေဂျင်စီဖြစ်သော The Outside က ကြော်ငြာခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်နှောင်းပိုင်းက အင်စတာဂရမ်တွင် တင်ခဲ့သော ပို့စ်တစ်ခုအရ ဧပြီလ ၃၀ ရက် နေ့မှ မေ ၁၀ ရက်‌ေန့အထိ အဆိုပါပြည်နယ်ရှိ မီးတောင် ၃ ခုသို့ တက်ရောက်မည်ဖြစ်ပြီး ယင်းတို့အနက် ၂ ခုမှာ အမြဲတစေ ပေါက်ကွဲနေသော မီးတောင်များဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါပို့စ်ကို မေလ ၁၁ ရက် နေ့တွင် ပြန်လည်ဖြုတ်ချခဲ့သော်လည်း ဟာမာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်သည် မေလ ၈ ရက်‌နေ့တွင် ပေါက်ကွဲခဲ့ပြီး စင်ကာပူနိုင်ငံသား ၂ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများမှာ အသက် ၂၈ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီး အိန်ဂျယ် ခရစ်ရှယ်လာ ပရာဒီတာ ၊ အေဂျင်စီပိုင်ရှင် အသက် ၃၀ အရွယ် စင်ကာပူနိုင်ငံသား တီမိုသီ ဟင် နှင့် အသက် ၂၇ နှစ်အရွယ် ရှာဟင် မူရက်ဇ် အဗ္ဒူလ် ဟာမစ်ဒ် တို့ ဖြစ်ကြသည်။ ၎င်းတို့၏ ရုပ်အလောင်းများကို မီးတောင်ထိပ်ဝနှင့် မီတာ ၅၀ အကွာရှိ အပျက်အစီးများအောက်တွင် တွဲလျက်သား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ခရီးသည် ၂၀ ဦးပါဝင်သော အဖွဲ့မှဖြစ်ပြီး အသက်ရှင်ကျန်ရစ်သည့် စင်ကာပူနိုင်ငံသား ၇ ဦးမှာ မေလ ၁၀ ရက်‌နေ့တွင် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒူကိုနိုမီးတောင်သည် ၁၉၃၃ ခုနှစ်ကတည်းက အစဉ်တစိုက် ပေါက်ကွဲနေသော “မီးတောင်ရှင်” ဖြစ်သည်။ မတ်လ ၂၉ ရက်‌ေန့ကတည်းက ဒုတိယအဆင့် (Level 2) သတိပေးချက် ထုတ်ပြန်ထားပြီး မီးတောင်ထိပ်ဝ၏ ၄ ကီလိုမီတာ ပတ်လည်အတွင်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရန် တားမြစ်ထားခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက ဧပြီလ ၁၇ ရက်‌ နေ့တွင် စတင်ပိတ်ထားခဲ့ပြီး မေ လ၈ ရက်‌နေ့တွင် မီးတောင်သို့ တက်ရောက်သည့် လမ်းကြောင်းအားလုံးကို အပြီးတိုင်ပိတ်သိမ်းရန်နှင့် မည်သူ့ကိုမျှ တက်ရောက်ခွင့်မပြုရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း ယခုခရီးစဉ်မှာ ဆက်လက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

The Outside အေဂျင်စီသည် စွန့်စားခန်းခရီးစဉ်များကို အဓိကထား လုပ်ဆောင်ခဲ့ပြီး သေဆုံးသူ မစ္စတာ ဟင်းသည် ဤခရီးစဉ်များကို ကိုယ်တိုင်ဦးဆောင်လေ့ရှိသည်။ ၎င်းသည် ယခုခရီးစဉ်အပြီးတွင် အိန္ဒိယနိုင်ငံ၊ လာဒတ်ခ်ရှိ ပေ ၂၀,၀၀၀ ကျော်မြင့်သော ကန်ယတ်စီ တောင်သို့ ခရီးသည်များကို ပို့ဆောင်ရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။

Ref: သယ်စရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ မွေထိုင်း ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံထွက်ခွာ

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပမည့် "Knock out" မွေထိုင်း ပြိုင် ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ ယနေ့ မေ ၁၂ ရက်ည ၉ နာရီက အပြည်ပြည်ဆိုင်ရာမြန်မာလေ ကြောင်း(MAI)ဖြင့်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ၏ မေ ၁၅ ရက်၌ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား စူပါရေချမ်းသည် (၆၃)ကီလိုတန်းတွင် ထိုင်းလက်ဝှေ့ကစားသမား၊ စောဘဟိန်းသည် (၆၃)ကီ လိုတန်းတွင်ဂျပန်လက်ဝှေ့ကစားသမား၊ ဒေါင်းမိုက်သွေးသည် (၅၁)ကီလိုတန်းတွင် ဂျပန်လက်ဝှေ့ကစား သမားတို့နှင့် ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ် ကြောင်း သိရသည်။ ဂျပန်နိုင်ငံသို့ထွက်ခွာသွားသည့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့တွင် ဂျပန်နိုင်ငံ၌ တစ်နှစ်ကြာသည်အထိ...

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ဇွန် ၂ ရက်၊ ပြည်ထောင်စုလွှတ်တော်ကို ဇွန် ၄ ရက်တို့၌ ကျင်းပမည်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေးနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတို့ကို ဇွန် ၂ ရက်နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ အစည်းအဝေးခန်းမများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိ ယပုံမှန်အစည်းအဝေးကိုလည်း ဇွန် ၄ ရက်နံနက် ၁၀ နာရီတွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက်လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာရုံးများသို့ မေ ၃၀ ရက်ထက်မစော၊ မေ ၃၁ ရက်ထက်နောက်မကျစေဘဲ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ သတင်းပို့ရာ၌...

မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည်ပတ်တော့မည်

တပ်မတော်က မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ် လျှောက်ရှိ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ယင်း လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည် ပတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ စီမံမှုတို့ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုန်သည်များက အ ခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများတင်ဆောင်၍ မေ ၉ ရက်တွင် မန္တလေးမြို့မှထွက်ခွာခဲ့ကြကြောင်း သိရသည်။ ၎င်းတို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ ကသာမြို့၊အင်းတော်မြို့နှင့် မော်လူးမြို့များကိုအဆင့်ဆင့်ဖြတ် သန်းပြီး ယနေ့ မေ ၁၂ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071