Saturday, May 9, 2026

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၁။ စိုက်ပျိုးစရိတ်ချေးငွေ...

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို...

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည်...
HomeMusicဒုဋ္ဌဝတီကိုလွန်၍'ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်လမ်း၊ ဇာတ်ညွှန်း ဖန်တီးသူ...

ဒုဋ္ဌဝတီကိုလွန်၍’ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်လမ်း၊ ဇာတ်ညွှန်း ဖန်တီးသူ ဟစ်ဟော့ပ်အဆိုတော်ရဲနောင်

Rap သီချင်းတွေ သီဆိုတဲ့ ဟစ်ဟော့ပ်အဆိုတော် ရဲနောင်ရဲ့ ရုပ်ရှင် အနုပညာ ခရီးအတွက် ဒီဇာတ်ကားက ပထမဆုံးခြေလှမ်းဖြစ်သလို သူ့အစ်ကို ဒါရိုက်တာ အာကာအတွက်လည်း ပထမဦးဆုံးခြေလှမ်းဖြစ်နေတယ်။ ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင် ဇာတ်ကား မေလ ၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း ရဲနောင်က စတင်တယ်။ အစ်ကိုဖြစ်သူ အာကာက ရိုက်ကူးတယ်။ အွန်လိုင်းမှာဆိုရင် လည်း ထွက်လာတော့ပါ၊ အားပေးကြမယ်ဆိုပြီး ပြောကြတဲ့သူတွေက ဒုနဲ့ဒေး။

“အဓိကက ကျွန်တော်တို့အတွက် စိတ်ခွန်အားက အရေးကြီးပါတယ်။ ကျွန်တော် တို့က ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ အမြတ်သည်၊ အရှုံးသည် အရေးမကြီးပါဘူး။ ကျွန်တော်တို့အတွက် အရေးကြီးတာက အားပေးတဲ့စကားပါ။ ကောင်း တယ်၊ ကြိုက်တယ်ဆိုတဲ့စကားဟာ အရာရာတစ်ခုခုကို တွန်းလှန်ရမယ့်၊ တိုက်ပွဲဝင်ရမယ့်အချိန်မျိုးမှာ ကျွန်တော်တို့အတွက် အရေးကြီးပါ တယ်။ အဲဒီအတွက်ကြောင့်မို့လို့ စိတ်ဓာတ်ခွန်အားကို တအား တောင့်တပါတယ်။ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားထားပါတယ်။ စောင့်ကြည့်ပေးပါ။ ကျေးဇူးအများကြီး တင်ပါတယ်” လို့ ရဲနောင်က ပြောပါတယ်။

‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေး သီချင်းကို သီဆိုထားသူကလည်း နာမည်ကျော် အဆိုတော်ကြီး လေးဖြူ၊ သိပ်ကို ပြီးပြည့်စုံသွားပါပြီ။ လေးဖြူကို သီဆိုပေးဖို့ ရဲနောင်တို့ ဘယ်လိုပြောခဲ့ရသလဲလို့ မေးတော့ …

“ကျွန်တော့် Band ထဲက ဒရမ်တီးတဲ့ သားပေါက်က သီချင်းရေးတယ်။ တီး လည်းတီးထားပေးတယ်။ အကြမ်းပါဆိုထားပေးတယ်။ ကျွန်တော့် အမြင်မှာ ဒီသီချင်းက ကိုလေးဖြူနဲ့ ကွက်တိအိုကေမယ်လို့ ထင်တယ်။ အဲဒါနဲ့ ကျွန်တော်က ကိုအာကာ့ကို ကိုလေးဖြူကို သီဆို ခိုင်းဖို့ တွန်းအားပေးတယ်။ နောက်ဆုံးတော့ ကိုလေးဖြူကို သွားတိုင်ပင် တဲ့အခါမှာ ကိုလေးဖြူက သဘောကျတယ်။ ကိုလေးဖြူက ပြောဖူးတယ်။ ဒီသီချင်းက ကိုလေးဖြူအနေနဲ့ရော၊IC Band အနေနဲ့ရော ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် သူများရဲ့ သီချင်းကို သီဆိုဖူးတယ် ဆိုတာကို။ ကျွန်တော်တို့အတွက်လည်း ဝမ်းသာဂုဏ်ယူတယ်။ ကိုလေးဖြူသီဆိုတာ ဂီတလောကမှာ အောင်မြင်ပြီးသား၊ တော်ပြီးသား၊ တတ်ပြီးသား ပုဂ္ဂိုလ်တွေ။ သူတို့အနေနဲ့ ကျွန်တော်တို့ကို အခုလိုမျိုး ကူညီပေးတာကို အတိုင်းမသိ ဝမ်းသာပါတယ်” လို့ ရဲနောင်က ပြောပြခဲ့ ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071