Tuesday, May 5, 2026

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...
HomeCelebrities' Newsဒုတိယရင်သွေးလေးကို သမီးလေး လိုချင်တဲ့သားစိုး

ဒုတိယရင်သွေးလေးကို သမီးလေး လိုချင်တဲ့သားစိုး

သားစိုးက သားဖြစ်သူ ထက် အာကာစိုး(ခ)ပန်းသီးအတွက် စီးရီး ခွေစီစဉ်ပေးမှာဖြစ်ပါတယ်။ ဒီစီးရီး ခွေမှာတော့ သားဖြစ်သူနဲ့အတူတူ သူကိုယ်တိုင်လည်း ပါဝင်သီဆိုမှာဖြစ် တယ်လို့ သိရပါတယ်။

စီးရီးခွေပြုလုပ်ပေးဖြစ်ခြင်းက တော့ သားအတွက် ဘဝမှာအမှတ်တ ရဖြစ်စေဖို့အတွက် ရည်ရွယ်ပါတယ် လို့ သားစိုးက ပြောပြပါတယ်။

“သူကြိုက်တဲ့သီချင်းလေးတွေ ပြန်ဆိုမယ်။ ပြီးတော့ ကျွန် တော့်သီချင်းလေးတွေကို သူပြန်ဆို တာမျိုးပေါ့။ အဓိကကတော့ သူက ဂီတကို ဝါသနာပါတယ်။ အိမ်မှာ လည်းအမြဲတမ်းသီချင်းပဲ ထိုင်ဆို နေတာ။ အဲဒါနဲ့ သီချင်းဆိုမလားလို့ မေးတော့ သူကလည်းစိတ်ပါ လက်ပါနဲ့ ဆိုမယ်လို့ ပြောတယ်။ ရှေ့မှာလည်း ရောသမမွှေထဲမှာ မမဝဝထထကကို သူဆို ထားတယ် လေ။ အဲဒီတုန်းကလည်း သူ့ကိုကြိုက် ကြတယ်။ အဲဒါနဲ့ပဲ အခွေ လေးလုပ် ပေးဖြစ်တာပါ။ သား အဖ နှစ်ယောက်ဆိုတဲ့သီချင်းက တစ်ပုဒ် နှစ်ပုဒ်တော့ အနည်းဆုံးပါပါမယ်။ အခုတော့ ရေးတော့ရေးနေပြီ။ သီချင်းအားလုံးကတော့ ၄ ပုဒ်က နေ ၈ ပုဒ်လောက်အထိပါမှာပါ။ Mini Album ဆိုတော့ လေ။ ကျွန်တော် တို့ မြန်မာ ပြည်မှာလည်း ကလေး သီချင်းအသစ်လေး တွေ လိုတယ်လေ”လို့ သားဖြစ် သူအတွက် စီးရီးခွေထွက်ဖြစ် ခြင်းအကြောင်းကို သားစိုးက ပြော ပါတယ်။ သားစိုးတို့ ဇနီးမောင်နှံက သားဖြစ်သူကို အလွန်ချစ်ကြပေမယ့် စည်းကမ်းနဲ့ထိန်းသိမ်းဆုံးမလေ့ရှိ တယ်လို့လည်း သိရပါတယ်။ ဒါ့အ ပြင် သားဖြစ်သူကို စာဖတ်ဝါသနာပါ ဖို့ အတွက်ကိုလည်း အမြဲတမ်းလမ်း ညွှန်လေ့ရှိပါတယ်။


“အဓိကကတော့ သူ့ကို ရှင်းပြ တယ်။ ဘယ်လိုမျိုး လုပ်သင့်တယ်၊ ဘယ်လိုမျိုးနေသင့်တယ်ဆိုတာမျိုး ပေါ့။ ပြီးရင်သူ့ကို လွတ်လွတ်လပ် လပ်နေတတ်အောင် ပြောပေးထား တယ်။သူတို့ခေတ်ကတော့ Youtubeခေတ်ပေါ့။ Youtube ကနေ သူတို့ ကြည့်ကြတယ်။ ကလေးတွေလုပ်တဲ့ ဟာလေးတွေကို သူ့ကိုသင်ပေးတယ်။ အဲဒါကိုကြည့်ပြီးပဲ တတ်လာတာပေါ့။ ပညာရေးပိုင်းမှာလည်း သူက တော် ပါတယ်။ ဦးနှောက်လည်း ကောင်း တယ်။ ကြီးလာတဲ့အခါလည်း သူ ပျော်တာပဲလုပ်ခိုင်းမှာပါ။ နောက်ကနေပံ့ပိုးပေးသွားမယ်”လို့ သားဖြစ်သူ နဲ့ပတ်သက်လို့ သင်ပြမှုအပိုင်းကို သားစိုးက ပြောပြပါတယ်။


သားစိုးရဲ့ ဇနီးမငယ်မှာ ဒုတိယ ရင်သွေးလေးလွယ်ထားရပြီဖြစ်ပါ တယ်။ ကိုယ်ဝန်က ၄ လရှိပြီဖြစ်ပြီး ဒုတိယရင်သွေးကိုတော့ သမီးလေး လိုချင်တယ်လို့ သားစိုးက ပြောပါ တယ်။ သားစိုးရဲ့ သားဖြစ်သူ ထက် အာကာစိုး(ခ)ပန်းသီးကလည်း ဂီတ နဲ့ပတ်သက်ပြီး ဖခင်ရဲ့အမွေကို ဆက် ခံမယ့်သူလို့ ဆိုရမှာပါ။ သူအကြိုက် ဆုံး အဆိုတော်တွေကတော့ လေးဖြူ၊ မျိုးကြီး၊ မနော၊ ပြီးတော့ သူ့ရဲ့ ဖခင် ဖြစ်တဲ့ သားစိုးလို့ ပန်းသီးက ပြော ပြပါတယ်။

ပြီးတော့သူက ကြီးလာရင် စစ် သား (သို့မဟုတ်) အဆိုတော်လုပ် မယ်လို့လည်း ပြောလာပါတယ်။


လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာ ဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊အတွင်း ရေးမှူးအဖွဲ့က...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို ကုလသမဂ္ဂ ဂုဏ်ပြု​​ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများ‌နေ့ (Interna tional Day of the Midwife)တွင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စိန်ခေါ်မှုများကြားမှ တာ ဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမများ၏ ချီးကျူးဂုဏ်ပြုထိုက်သည့် သတ္တိနှင့် စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။ ၎င်းတို့သည် မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒ နာကို တစ်ကိုယ်တည်း မရင်ဆိုင်ရစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အ စွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများဖြစ်သည်ဟု ဆိုထားသည်။ ​ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော် မှာ အသက်ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အ ဖြစ်သာမက အားကိုးရာမဲ့နေသူများ...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက် EOI ဖိတ်ခေါ်

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်ထားသည်။ ဖိတ်ခေါ်ထားသည့် စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါစီမံကိန်းအတွင်းရှိ ဆိပ်ကမ်းနှင့် သိုလှောင်ရုံ အဆောက်အဦများ၏ Civil Works နှင့် Steel Structure တည်ဆောက်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် Solar တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည်။ ထို့အပြင် နေပြည်တော်ရှိ ဆန်စက်နှင့် ဆီစက်စီမံကိန်းအတွက် အဆောက်အဦ တည်ဆောက်ရေးနှင့် လျှပ်စစ်/ Solar တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071