Wednesday, June 24, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeCelebrities' Newsဒုတိယကိုယ်ဝန် ၃လကျော် လွယ်ထားရပြီ...

ဒုတိယကိုယ်ဝန် ၃လကျော် လွယ်ထားရပြီ ဖြစ်တဲ့ ချောရတနာ

ဒုတိယကိုယ်ဝန် လွယ်ထား ရပြီဖြစ်တဲ့ သရုပ်ဆောင်ချောရတနာ က အခုဆိုရင် ကိုယ်ဝန် ၃လကျော် ရှိနေပြီဖြစ်ပါတယ်။ သားသားလေး လား၊ မီးမီးလေးဆိုတာတော့ အက်ထရာဆောင်းရိုက်မကြည့် ရသေးတဲ့ ချောရတနာက အစက တည်းက ရင်သွေးလေးထပ်ယူချင်တဲ့ အတွက်ယူလိုက်တာဖြစ်ကြောင်း ပြောပါတယ်။

“အမှန်ဆို ဘာလေးလဲဆိုတာ စစ်လို့ရနေပါပြီ၊ အစ်မကမစစ်သေးတာ၊ အစ်မကတော့ ဘာလေးပဲရရ ပါ၊ အစ်မ အမျိုးသားကတော့ မိန်းကလေးလိုချင်တာ၊ သားသားနဲ့ အဖော်မောင်နှမ တစ်ယောက်တိုးရင်ပဲ ကျေနပ်ပါပြီ်၊ ဘာလေးဖြစ် ဖြစ်ပါ၊ လနုသေးတော့ ဆေးရုံမှာမအပ်ရ သေးပါဘူး၊ ဒိတ်ကတော့ ဧပြီလမှာ ဖြစ်မယ်ထင်တယ်၊ သားသားနဲ့က အစ်မမွေးဖွား မှာနဲ့ဆို အသက်၎နှစ် လောက် ကွာသွားမယ်၊ ရှင်းရှင်းပြော ရရင်ကိုယ်လည်းအသက်ကြီးပြီ၊ အစ်မ အမျိုးသားလည်း အသက်ကြီး နေပြီဆိုတော့ စောစောလိုချင်တာ၊ မရဘဲနဲ့ အခုမှရတာ၊ အရင်ကတည်း ကသားသမီး အနည်းဆုံး နှစ်ယောက် မွေးမယ်လို့ စိတ်ကူးထားတာ၊ နောက်ထပ်လည်း မယူချင်တော့ဘူး၊ ဒီနှစ် ယောက်ပဲ ကျန်းကျန်းမာမာ ဖြစ်စေချင်တာ” လို့ သူကပြောပါတယ်။

အသက်၃နှစ်ခွဲရှိနေပြီဖြစ်တဲ့ ချောရတနာရဲ့သားလေးကောင်းသုတကျော်က အခုဆိုရင် မူကြိုတက် ရောက်နေပြီ ဖြစ်ပါတယ်။ ဒုတိယရင် သွေးလေး ရနေပြီဖြစ်တဲ့အတွက် သားလေးကို အခုချိန်မှာ ပိုဂရုစိုက် ဖြစ်နေကြောင်း ချောရတနာကပြောပါတယ်။

“သားသားတုန်းကတော့ မူးတာတွေမဖြစ်ဘူး၊ ဒီတစ်ခေါက်ကျတော့ သွေးပေါင်ကျပြီး မူးမူးပြီး အန်ချင်တာလည်းမဟုတ်ဘူး၊ မူးတာခေါင်းမထောင်နိုင်ဘူး၊ အစ်မကကျန်းမာရေးကောင်းချင်တယ်၊ ကျန်းမာရေး ကောင်းချင်တယ်ဆိုတာကလည်း သားသားကိုလည်း မလစ်ဟင်းစေချင်ဘူး၊ သားသားကို ပိုဂရုစိုက်စေချင်တယ်။ အခုချိန်မှာသားသားကလည်း ပိုသိပြီး အစ်မကိုပိုကပ်တဲ့ အရွယ်ဆို တော့ အခုသူ့ကို မူကြိုအပျော်ထားထားတာ။ အစ်မကိုယ်တိုင်ကျောင်း လိုက်ပို့ပေးတယ်။သူကျောင်းကပြန်တဲ့ အချိန်ထိ အစ်မထိုင်စောင့်ပေးတယ်။ နည်းနည်းလေးတော့ ပင်ပန်းပါတယ်။ ဒါပေမဲ့ မိဘဆိုတော့ဘယ် လောက်ပင်ပန်းပင်ပန်းပါ။ ကိုယ်ကိုယ်တိုင်ကျောင်းလိုက်ပို့မှကျေနပ်တာ။ ပို့နိုင်သေးတဲ့ အချိန်ထိတော့ သူ့ကိုလိုက်ပို့ပေးစေချင်တယ်။ နောက်ပိုင်းဆို ကလေးမွေးပြီး အနည်းဆုံး ၂လလောက်ထိ သူ့ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကြိုပြီးဂရုစိုက်ထားတာ” လို့ ပြောပါတယ်။ အခုလတ်တလောမှာ ချောရတနာက ဒုတိယကိုယ်ဝန်နဲ့ ကြော်ငြာ ရိုက်ကူးမှုတွေ ရိုက်ကူးဖြစ်ပေမယ့် ဇာတ်ကားရိုက်ကူးမှု့တွေတော့ လုပ် ဖြစ်မှာမဟုတ်သေးကြောင်း ပြောပါ တယ်။

“ဒီကြားထဲမှာ ဇာတ်ကားရိုက် တွေလာတယ်။ အစ်မ ဖြစ်ချင်တော့လည်း ကိုယ်ကိုယ်ဝန်ရှိမှ ကိုယ့်သူငယ်ချင်းတွေက သတိရပြီး ကားရိုက်တွေခေါ်ကြတယ်၊ နှမြောတော့နှမြောတယ်။ သားသားကိုယ်ဝန်တုန်းကလိုမျိုး ကျန်းမာ ရေးကောင်းရင် ရိုက်ကူးနိုင်တယ်၊ အခုရိုက်တဲ့ ကြော်ငြာကလည်း ပေါ့ပေါ့ပါးပါးလေး ဆိုတော့ရိုက်ကူးဖြစ်သွားတာပါ။ ကား ရိုက်တွေ ကျတော့ ရက်ရှည်ပေး ရ တော့အဆင်ပြေမှာမဟုတ်ဘူး။  ကြော်ငြာလောက်ပဲရိုက်ကူးဖြစ်သွား မှာပါ” လို့ ပြောပါတယ်။ စက်တင်ဘာလ၂၈ရက်နေ့မှာ ကျရောက်တဲ့ ချောရတနာရဲ့ မွေးနေ့ကိုတော့ ကြိုတင်ပြီး အလှူ တွေ လှူဒါန်းဖြစ်ခဲ့ကြောင်း ပြောပါတယ်။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071