Saturday, May 30, 2026

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊...

အာဆီယံ-တရုတ်အဖွဲ့ဝင် ချစ်ကြည်ရေးအသင်းများအစည်းအဝေး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)...

တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ...

သင်္ဘောသားများ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး ကူညီပေးမည်

ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ...

ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်တွင် ယနေ့ (မေ ၃၀) နယုန်လပြည့်နေ့၌ (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသို့ ကျင်းပရာတွင် နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား...
HomeNewsLocal Newsဒလတံတားဖွင့်ပြီးနောက်ပိုင်း သဗ္ဗာန်စီးသူ ထက်ဝက်ကျဆင်း

ဒလတံတားဖွင့်ပြီးနောက်ပိုင်း သဗ္ဗာန်စီးသူ ထက်ဝက်ကျဆင်း

ရန်ကုန် – ဒလ မြစ်ကူးတံတားဖွင့်ပြီးနောက်ပိုင်း သဗ္ဗာန်စီးသူ ဦးရေမှာ ထက်ဝက်ကျော်ကျဆင်းခဲ့ကြောင်း သဗ္ဗာန်သမားများ၏ ပြောပြချက်အရ သိရသည်။

ယခင်က ရန်ကုန်နှင့် ဒလမြို့နယ်အကြား သွားလာရေးအတွက် သဗ္ဗာန်သည် အဓိကအသုံးပြုလာကြသော်လည်း တံတားဖွင့်ပြီးနောက် YBS ယာဉ်များဖြင့် အလွယ်တကူ သွားလာနိုင်လာခြင်းကြောင့် သဗ္ဗာန်လိုင်းများတွင် ခရီးသည် လျော့နည်းသွားခြင်း ဖြစ်သည်။

“အရင်တုန်းက မနက်ပိုင်း၊ ညနေပိုင်းဆို လူများပြည့်နေတယ်။ အခုတော့ ခရီးသည်တွေ တော်တော်လေး လျော့သွားပြီ။ တော်တော်လေးလျော့သွားတယ်။ သုံးပုံကို နှစ်ပုံလောက်လျော့သွားတယ်” ဟု သဗ္ဗာန်မောင်းသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

သဗ္ဗာန်လုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် မူတည်နေသူများအတွက် ယခုကဲ့သို့ ဝင်ငွေကျဆင်းမှုသည် မိသားစုဘဝအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း သိရသည်။

အချို့သော သဗ္ဗာန်သမားများမှာ လုပ်ငန်းပြောင်းလဲရန် စဉ်းစားနေကြပြီး အခြားအလုပ်အကိုင်များ ရှာဖွေရန် ကြိုးပမ်းနေကြသည်။

ဒေသခံအချို့ကတော့ တံတားဖွင့်လှစ်ခြင်းကြောင့် သွားလာရေး အဆင်ပြေလာခြင်းကို ကြိုဆိုကြသော်လည်း သဗ္ဗာန်လုပ်ငန်းလုပ်ကိုင်သူများအတွက် ထောက်ပံ့မှုများ လိုအပ်နေကြောင်း ထောက်ပြကြသည်။

“တံတားဖွင့်တာက လူတွေအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့် သဗ္ဗာန်သမားတွေ အတွက်လည်း အလုပ်အကိုင် အစားထိုးပေးနိုင်မယ့် အစီအစဉ်တွေ ရှိသင့်တယ်” ဟု ဒလမြို့နယ်ရှိ ဒေသခံ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ရန်ကုန် – ဒလ သဗ္ဗာန်ဆိပ်ကမ်းပေါင်း ၁၀ ခုရှိပြီး နေ့စဉ်ခရီးသည်ထောင်ချီသွားလာနေကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။ နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။ ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များသွားရောက်ဖူးမြော်ခြင်းသည် ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိသည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိပြီး ဂေါတမဗုဒ္ဓသည် ဗောဓိပင်အောက်တွင် သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာသမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်ကိုးကွယ်ရာ အထင်ကရနေရာများဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင်...

အာဆီယံ-တရုတ်အဖွဲ့ဝင် ချစ်ကြည်ရေးအသင်းများအစည်းအဝေး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) တက်ရောက်

တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ ၂၅ ရက်မှ ၂၈ ရက်‌ အထိ အန်းဟွေးပြည်နယ် HUAXIAN မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦးနှင့် အမှုဆောင် (၃) ဦးပါအဖွဲ့က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးနှင့် ဆက်စပ်ပြီး အာဆီယံ-တရုတ် မိတ်ဘက်ဆက်ဆံရေး (၃၅) နှစ်မြောက်နှင့် တရုတ်-အာဆီယံ...

သင်္ဘောသားများ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး ကူညီပေးမည်

ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။ မြန်မာနိုင်ငံမှ ပင်လယ်ကူးသင်္ဘောသားများ အမိမြေပြန်လည်ရောက်ရှိချိန်တွင် MSME များ၌ ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ MSME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071