Tuesday, April 21, 2026

မုဒုံမြို့နယ်ရှိ အထပ်သားစက်ရုံတွင် မိနစ် ၂၀...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အထပ်သားစက်ရုံ၌ ယနေ့ ဧပြီ ၂၁ ရက်နံနက် ၉ နာရီ ၃၄ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားရာ...

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် ဧပြီ ၁၉ ရက်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းက မြန် မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ်ခြင်းယဉ်ကျေးမှုအစဉ်အလာကို မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ...

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့်...

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု ယနေ့...

ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ အရှေ့တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၀၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)...
HomeArticlesဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေးအရှိန်နဲ့အတူ အပြိုင်​တွေး​ခေါ်နိုင်​ရေး

ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေးအရှိန်နဲ့အတူ အပြိုင်​တွေး​ခေါ်နိုင်​ရေး

ကိုဗစ်ကြောင့်အိမ်ကနေမကြာခဏအလုပ်လုပ်ဖြစ်တယ်္။ပြီးခဲ့တဲ့၂နှစ်နီးပါးကမဲလ်ဘုန်းမှာကိုဗစ်ပြင်းထန်တုန်းကဆို၃လလောက်ဆက်တိုက် အိမ်ကနေအလုပ်လုပ်ဖြစ်တာတွေရှိခဲ့တယ်။

နောက်ပိုင်းလည်း၂ရက်သို့မဟုတ်၃ရက်လောက်အိမ်မှာလုပ်ကျန်တဲ့ရက် အလုပ်ကိုသွားနဲ့လုပ်ခဲ့ကြတာ။

ခုနောက်ပိုင်းကိုဗစ်ပြန်ငြိမ်သွားလို့မဟုတ်ပေမဲ့သာမန်ဗိုင်းရပ်လောက်သဘောထားတဲ့ကိုဗစ်လို့ပြောရမယ့်အချိန်မှာတောင်အလုပ်တွေက hybrib သဘောမျိုးနဲ့ အချို့ရက်တွေမှာ

အိမ်ကနေလည်းအလုပ်လုပ်ဖို့အခွင့်ရေးပေးတာတွေရှိတယ်။

ကိုယ်ကတော့အိမ်ကနေလုပ်တာထက်အလုပ်ကိုသွားပြီးတော့ရုံးမှာလုပ်တာကိုပိုသဘောကျသလိုပဲဒါပေမဲ့လည်း တစ်ခါတစ်လေတော့ဒီနေ့လိုမျိုးမှာအိမ်ကနေပဲလုပ်ဖြစ်ပါတယ်။

ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းနည်းပညာပိုင်းဆိုင်ရာ၊ဆော့ဖ်ဝဲစသဖြင့်ကို ကမ်ပဏီတွေအတော်များများကမြှင့်တင်လိုက်ကြသလိုနောင်တစ်ချိန်ကပ်ဆိုးတွေထပ်ဖြစ်လာ၊လက်ရှိဖြစ်နေတာတွေနဲ့အန်တုရင်ဆိုင်ရင်းအလုပ်မပျက်ဘဲစီးပွားရေးဆက်လက်ဖွံ့ဖြိုး၊အဆက်မပြတ်အောင်ကြံဆောင်လုပ်ကိုင်နေကြပါတယ်။

ဆော့ဖ်ဝဲတွေအားလုံးကို cloud based မှာလုပ်ထားပြီးလူတိုင်းအချိန်မရွေး၊နေရာမရွေးလွယ်လွယ်ကူကူဝင်ရောက်လုပ်ကိုင်နိုင်အောင်လုပ်ထားကြပါတယ်။

စက်မှုတော်လှန်ရေး (၁) Industrial Revolution (IR 1.0) ရေနွေးငွေ့စက်ခေါင်းလိုစက်ကိရိယာတွေတည်ထွင်တဲ့ခေတ်

စက်မှုတော်လှန်ရေး (၂) Industrial Revolution (IR 2.0) လျှပ်စစ်ဖြင့် စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားသော ခေတ် (mass production)

စက်မှုတော်လှန်ရေး (၃) Industrial Revolution (IR 3.0) ကွန်ပျူတာအီလက်ထရွန်နစ်ပစ္စည်းများ နှင့် အင်တာနက်အသုံးချမှုတွင်ကျယ်သော ခေတ်

စတုတ္ထစက်မှုတော်လှန်ရေး-4th Industrial Revolution (IR 4.0) ကျတော့ 

အဆင့်မြင့်ဉာဏ်တု AI (Artificial Intelligence)၊ ဆိုက်ဘာနည်းပညာ နှင့်Internet of Things (IoT) ဆိုတဲ့အရာရာကုန်ထုတ်လုပ်မှုနဲ့ပစ္စည်းတွေအားလုံးကိုအင်တာနက်နဲ့ချိတ်ဆက် အသုံးချနိုင်မှု ဥပမာကိုယ့်အိမ်ကအဲယားကွန်းကိုအိမ်ပြန်မရောက်ခင်အင်တာနက်ကလှမ်းဖွင့်တာ၊လက်ရှိသုံးနေတဲ့ အိုင်ဝပ်ချ်လိုနာရီမျိုးတွေ၊လက်ရှိရောင်းနေကျတဲ့အချို့ရေခဲသေတ္တာတွေ၊အိမ်လုံခြုံရေး စနစ်တွေ၊မကြာခင်ပေါ်လာတော့မဲ့အလိုအလျှောက်မောင်းတဲ့ကားတွေ စသဖြင့်လူတွေရဲ့နေ့စဉ်ဘဝထဲကိုဝင်လာမဆဲတသဲသဲတွေဟာ

Internet of Things (IoT) တွေပါပဲ။

Cloud Computing and analytics တွေ Machine Learning၊ Edge Computing၊ Cyber Security၊ Digital Twin တွေအစရှိသဖြင့်

လူမှုဘဝကို မြှင့်တင်ပေးသော စက်မှုတော်လှန်ရေးစတုတ္ထစက်မှုတော်လှန်ရေး ဆိုပြီးကိုဗစ်မဖြစ်ခင်ကတည်းကပြောနေကျတဲ့အရာတွေဟာကိုဗစ်လည်းဖြစ်လိုက်ရောဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေးအရှိန်ကိုပိုမြှင့်ဖို့လိုတယ်ဆိုတာအစိုးရတွေရော၊စီးပွားရေးသမားတွေကပါသဘောပေါက်လာကြပြီးတော့

Industrial Revolution 4.5 တွေ 

Industrial Revolution 5.0 တွေကို

အစပြုနေကျပြီဆိုပါတယ်။

ကျနော့်အထင်ကျနော်တတ်ထားတဲ့ပညာလက်ရှိလုပ်နေတဲ့အလုပ်တွေဟာလွန်ရောကျွန်ရောနောက်ထပ် ၅နှစ်ကနေ ၁၀နှစ်လောက်အတွင်းမှာသိပ်လိုအပ်တော့မှာမဟုတ်သလိုစက်ရုပ်တွေနဲ့ automation တွေကအစားထိုးဝင်ရောက်တော့မှာဆိုတော့အလုပ်လက်မဲ့တွေလည်းပိုများလာမဲ့သဘောရှိသလိုကျနော်တို့လိုအသက်အရွယ်ကတော့ဒီလိုပဲဖင်လှည့်ခေါင်းလှည့်နဲ့ပင်စင်စားချိန်သိပ်မဝေးတော့လို့နေလို့ရပေမဲ့၊လက်ရှိလူငယ်တွေအများစုဟာကိုယ့်အနာဂတ်အတွက်ဘယ်လိုပညာမျိုးရှာဖွေဆည်းပူးပြီးကိုယ့်ဘဝရပ်တည်မလည်းဆိုတာအသေချာစဉ်းစားရမဲ့အချိန်လည်းဖြစ်ပါတယ်

ကမ္ဘာကြီးမှာဘယ်လိုပဲ စက်မှုတော်လှန်ရေး ၄ တွေ ၅ တွေပြောနေပါစေ အဓိကမောင်းနှင်ပေးတဲ့အရာကတော့ပညာရေးစနစ်ပဲလို့ပြောရမှာဖြစ်ပြီးဝမ်းနည်းစရာကောင်းတဲ့ကျနော်တို့ရွှေပြည်ကြီးမှာတော့တိုင်းပြည်အေးချမ်းတုန်းကတောင် 

စက်မှုတော်လှန်ရေး ၄ နဲ့အနေဝေးသေးတာခုလိုကာလကျောင်းမတက်နဲ့ကျောင်းထွက်ကျဆိုပြီးတစ်ဖက်နဲ့တစ်ဖက်-တ်နေကြပြီးစက်မှုတော်လှန်ရေး (၂) တုန်းကအတွေးခေါ်တွေနဲ့ဆက်သွားကြရင်ဖြင့်ရွှေပြည်တော်မျှော်လေတိုင်းရင်လေးတယ်ပြောရင်းပြီးခဲ့တဲ့တစ်လကျော်လောက်ကမှပေါ်လာတဲ့အဆင့်မြင့်ဉာဏ်တု AI အက်ပ်တစ်မျိုးဖြစ်တဲ့၅ရက်လောက်အတွင်းမှာကိုသုံးစွဲသူ ၁သန်းကျော်သွားတဲ့ChatGPT အကြောင်းနောက်မှလေ့လာပြီးအကြမ်းဖျဥ်းရေးဖို့ကြိုးစားကြည့်ပါမယ်။

မြန်မာလူငယ်များ Industrial Revolution 4.5 တွေ 

Industrial Revolution 5.0 တွေနဲ့အပြိုင်တွေးခေါ်နိုင်ကြပါစေကြောင်းဆုတောင်းပေးပါတယ်ဗျာ……

ချစ်ကို(မဲလ်ဘုန်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုဒုံမြို့နယ်ရှိ အထပ်သားစက်ရုံတွင် မိနစ် ၂၀ ကျော်ကြာမီးလေ-ာင်မှုဖြစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အထပ်သားစက်ရုံ၌ ယနေ့ ဧပြီ ၂၁ ရက်နံနက် ၉ နာရီ ၃၄ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားရာ မုဒုံမြို့နယ်မီးသ-တ်စခန်းနှင့် မော်လမြိုင်မြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် ဧပြီ ၁၉ ရက်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းက မြန် မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ်ခြင်းယဉ်ကျေးမှုအစဉ်အလာကို မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒု-ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျင်းယို့ပေါင်၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင် စစ်ဝန်ချုပ်များနှင့် တက်ရောက်လာကြသူများက မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်မှုကိုကြည့်ရှုလေ့လာပြီး လက်တွေ့ပါဝင်လိမ်းခြယ်ခဲ့ကြသည်။ အဆိုပါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာရိုးရာမဟာသင်္ကြန်ကျင်းပရခြင်း၏ အဓိပ္ပာယ်၊ သမိုင်းကြောင်းတို့ကိုရှင်း လင်းပြောကြားခဲ့ပြီး ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များမှ မြန်မာဘာသာဌာနတွင် ပညာသင်ကြားလျက်ရှိသည့် တရုတ်နိုင်ငံသားကျောင်းသား၊ ကျောင်းသူများ၊ မြန်မာ နိုင်ငံသား ကျောင်းသား၊...

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ကာ လူသားတို့တင်ထားသော စံချိန်ကို ချိုးဖျ-က်နိုင်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက စက်ရုပ်နည်းပညာတွင် အလျင်အမြန်တိုးတက်နေမှုကို ပြသရာရောက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလက တရုတ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး စက်ရုပ် မာရသွန်ဝက်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည်။ ပထမအကြိမ်ပြိုင်ပွဲတွင် စံချိန် ၂ နာရီ ၄၀ မိနစ် ၄၂ စက္ကန့်ဖြင့် အနိုင်ရခဲ့သောစက်ရုပ်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071