Wednesday, June 17, 2026

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့်...

High-Speed Railway G23 ဖြင့်...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...
HomeNewsLocal Newsဒဂုံအရှေ့ပိုင်း လူဦးရေ ၄...

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကုသဆောင်သစ်သည် အကျယ်အဝန်း ၁၆,၈၀၀ စတုရန်းပေရှိပြီး ခွဲစိတ်ခန်းပါဝင်သည့် RC နှစ်ထပ်အဆောက်အဦဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် ၁,၇၈၉ ဒသမ ၄၄၅ သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁)က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးကုသဆောင်သစ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် အနီးဝန်းကျင်ဒေသများမှ ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလွယ်ကူထိရောက်စွာ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု ဆွေးနွေးမေးမြန်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ မေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့ အပါအဝင် စုစုပေါင်း ၇၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးကို နံနက် ၁၁ နာရီတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင် Fairmont Peace Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို့ ရောက်ရှိခဲ့သည်။ Fairmont Peace Hotel သည် ရှန်ဟိုင်းမြို့၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး Huangpu မြစ်ကမ်းရှိ နာမည်ကျော် The Bund လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဟိုတယ်ကို ၁၉၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းမြို့၏ သမိုင်းဝင်...

High-Speed Railway G23 ဖြင့် ခရီးနှင်လာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိ

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway G23 ဖြင့် ယနေ့ ဇွန် ၁၇ ရက်နံနက်ပိုင်းကထွက်ခွာလာသော နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်သည် မွန်းလွဲပိုင်း၌ ရှန်ဟိုင်းမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ရှန်ဟိုင်း ဒု-မြို့တော် ဝန်နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ရှန်ဟိုင်းမြို့သို့ နိုင်ငံတော်သမ္မတက High-Speed Railway G23 ဖြင့်ထွက်ခွာလာစဥ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071