Wednesday, September 2, 2026

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက်...

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့်...

မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ...

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး...

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း...

ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက်...

ရန်ကုန်၊ စက်တင်ဘာ ၂ တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊...
HomeNewsLocal Newsဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့်...

ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘတ်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေးဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂

ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍ မြန်မာ့မီးရထားက စတင်ပြေးဆွဲပေးနေပြီဖြစ်သည်။

အဆိုပါ ရထားခရီးစဉ်တွင် ဘက်ထရီရထားစက်ခေါင်းနှင့်အတူ ခရီးသည် ၆၂ ဦးစီ လိုက်ပါနိုင်သော ရိုးရိုးတန်းတွဲ ၆ တွဲ ပါဝင်သည်။

ရန်ကုန်မှ ဒဂုံတက္ကသိုလ်သို ပြေးဆွဲမည့် အဆန်ရထားများမှာ ည-၁၊ ည-၃၊ ည-၅၊ ည-၇၊ ည-၉ နှင့် ည-၁၁ တိုဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ တိုးကြောင်ကလေးမှတစ်ဆင့် ရန်ကုန်သို ပြေးဆွဲမည့် အစုန်ရထားများမှာ ည-၂၊ ည-၄၊ ည-၆၊ ည-၈၊ ည-၁၀ နှင့် ည-၁၂ တိုဖြစ်သည်။

ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ချိန်မှာ နံနက် ၈ နာရီဖြစ်သဖြင့် ည-၁ အဆန်ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ဒဂုံတက္ကသိုလ်ဘူတာသို နံနက် ၇ နာရီခွဲတွင် ရောက်ရှိမည် ဖြစ်သည်။

အလားတူ ကျောင်းဆင်းချိန်ဖြစ်သည့် မွန်းလွဲ ၃ နာရီတွင် ဒဂုံတက္ကသိုလ်မှ ပြန်လည်ထွက်ခွာနိုင်ရန် ည-၁၀ အစုန်ရထားသည် ဒဂုံတက္ကသိုလ်ဘူတာမှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာသို ညနေ ၄ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။

ခရီးစဉ်အတွင်း ပုဇွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ်နှင့် တိုးကြောင်ကလေး ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး မည်သည့်ဘူတာအထိ စီးနင်းသည်ဖြစ်စေ လက်မှတ်ခ ကျပ် ၅၀၀ မျှသာ ကျသင့်မည်ဖြစ်သည်။

ခရီးသည်နှင့် ကျောင်းသား၊ ကျောင်းသူ စီးနင်းမှု များပြားလာပါက ရထားအကြိမ်ရေ ထပ်မံတိုးမြှင့်ပြေးဆွဲပေးသွားရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR စနစ် အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် အခြေအနေများ YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက် မီတာဖတ်ရှုနေမှုများ၊ Online စနစ်ဖြင့် မီတာလျှောက်ထားမှုများနှင့် Phone Application အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် စမ်းသပ်ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် Online စနစ်ဖြင့် မီတာလျှောက်ထားမှုများကို စနစ်တကျ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးရန်၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများ မရှိစေရန်နှင့် မီတာဖတ်ချက်များ မှန်ကန်ရေး၊ ပိုဖတ်/လိုဖတ်မှုများ မဖြစ်ပေါ်စေရေးအတွက် မီတာဖတ်မှတ်တမ်းကတ်များကို...

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်ရှိ ဒေသခံများ သတိပြုရန် မိုးဇလ အသိပေး

မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က အသိပေး နှိုးဆော်ထားသည်။ ယနေ့ တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် ၃ ပေ ၄ လက်မခန့်အလို၌ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ အလားတူ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၌ စိုးရိမ်ရေမှတ်အောက် ၄...

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး (၁၉)ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၏ မိုင်တိုင်အမှတ် ၅၅၅/၅ နှင့် ၅၅၆/၀ ကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဧကရာဇ် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းမှ အဝေးပြေးခရီး သည်တင်(Express)ကားသည် ဘရိတ်ပေါက်ပြီး လမ်း ၏ ဘယ်ဘက်ပေ(၅၀)ခန့်နက်သောချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီး(၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသော ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်များအပါအဝင် ခရီးသည်(၁၉)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071