Thursday, June 25, 2026

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း...

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...
HomeNewsLocal Newsထိုင်းမှာ ကိုဗစ်မျိုးကွဲသစ် တွေ့ရှိ

ထိုင်းမှာ ကိုဗစ်မျိုးကွဲသစ် တွေ့ရှိ

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ကိုဗစ်-၁၉ မျိုးကွဲသစ် အိတ်စ်အက်ဖ်ဂျီ (XFG) ကူးစက်လူနာ ၃၃ ဦး တွေ့ရှိထားပြီးဖြစ်ကာ အများစုကို ဘန်ကောက်တွင် တွေ့ရှိခဲ့ခြင်းဟု ဆေးသိပ္ပံဌာနက သတင်းထုတ်ပြန်ခဲ့သည်။

စထရာတပ်စ် (Stratus) ဟုလည်း သိကြသော အိတ်စ်အက်ဖ်ဂျီ သည် ကမ္ဘာတစ်ဝန်းအဖြစ်များဆုံး မျိုးကွဲဖြစ်လာကာ ရောဂါဖြစ်ပွားမှုအရမြများလာလျက်ရှိသည်ဟု ဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါမျိုးကွဲသည် အခြားမျိုးကွဲဗိုင်းရပ်များလောက် ရောဂါလက္ခဏာတွင် ပြင်းထန်ခြင်းမရှိပေ။

ထိုင်းနိုင်ငံတွင် ပထမဆုံး အိတ်စ်အက်ဖ်ဂျီ ကူးစက်လူနာကို ဧပြီလတွင် တွေ့ရှိခဲ့ပြီး စက်တင်ဘာ ၂၄ ရက်အထိ ယင်းပိုးတွေ့လူနာ ၃၃ ဦးရှိခဲ့ပြီဖြစ်ကာ ဘန်ကောက်တွင် ၂၃ ဦးရှိခဲ့ကြောင်း ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယန်းယွတ် ထာမာဗူဒီက ပြောကြားခဲ့သည်။

“ကူးစက်လူနာအများစုက ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာနဲ့ ခေါင်းကိုက်တာမျိုးလို အပျော့စားလက္ခဏာတွေပဲ ပြပါတယ်။ ဘယ်သူမှ ဆေးရုံတက်ရတာ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ဌာနသည် ဧပြီလ ၁ ရက် နေ့မှ စက်တင်ဘာလ ၂၄ ရက် နေ့အတွင်း ကိုဗစ်-၁၉ ပိုးကူးစက်သူ ၆၀၈ ဦးကို ပြန်လည် သုံးသပ်ခဲ့ပြီး ယင်းကာလအတွင်း အိတ်စ်အက်ဖ်ဂျီ မျိုးကွဲကူးစက်မှုသည် ကိုဗစ်မျိုးကွဲကူးစက်မှုအားလုံး၏ ၅ ဒဿမ ၄ ရာခိုင်နှုန်းသာ တွေ့ရှိရသည်ဟု ဒေါက်တာ ယန်းယွတ်က ပြောဆိုခဲ့သည်။

အိတ်စ်အက်ဖ်ဂျီသည် ပြင်းထန်သော ရောဂါလက္ခဏာများ မဖြစ်ပေါ်သော်လည်း လက်ကို မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးနေရာများကို မသွားရောက်ခြင်းဖြင့် မိမိကိုယ်ကို အမြဲကာကွယ်သင့်ကြောင်း ၎င်းက အကြံပြုခဲ့သည်။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှုရခက်ခဲခြင်း အပါအဝင် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများတွေ့ရှိပါက ဆရာဝန်ထံပြသကာ လိုအပ်သော ကုသမှုခံယူသင့်ကြောင်းလည်း ၎င်းက တို-က်တွန်းခဲ့သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅၈၉,၃၅၂ ဦးနှင့် ‌ေ-သဆုံးသူ ၂၃၉ ဦး ရှိခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဉီးမျိုးသန့် တိုက်တွန်း

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို ဇွန် ၂၄ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် နိုင်ငံပိုင်ရုံးအဆောက်အဦးများ၊ အထူးအဆောက်အဦးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့်...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယမန်နေ့ က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး၊ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့်ဥပဒေရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071