Wednesday, June 10, 2026

အီရန်အပေါ် တုံ့ပြန်တို-က်ခိုက်မှုများ ပြုလုပ်ပြီးစီးဟု အမေရိကန်...

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ ရေဒါများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် မြေပြင်ကွပ်ကဲရေးစခန်းများသည် အမေရိကန်စစ်တပ်၏ တို-က်ခိုက်မှုပ-စ်မှတ်များ ဖြစ်လာခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ပြောကြားခဲ့သည်။ "အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM)...

ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ဦးလှဆွေမေးမြန်း

သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဆက်သွယ်ပေးထားသည့် ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့သည်။ ယနေ့ ဇွန်လ ၁၀ ရက်တွင်...

မိုးဦးကာလ မြစ်ရေမြင့်တက်မှုကြောင့် ရေယာဉ်များ သတိပြုခုတ်မောင်းရန်...

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းတို့ကြောင့် မြစ်ရေများ မြင့်တက်လာနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးသတိပြုခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက...

NSPNC နှင့် 7 EAO...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ 7 EAO Alliance တို့အကြား နှစ်ရက်တာ...
HomeInternationalထိုင်း-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

ထိုင်း-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

ထိုင်းနှင့် မလေးရှားတို့သည် ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းစသည့် အဓိကနယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။

တနင်္လာနေ့တွင် ပြီးဆုံးခဲ့သော ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ နှစ်ရက်ကြာ မလေးရှားနိုင်ငံခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ အဆိုပါကိစ္စရပ်များကို သဘောတူညီခဲ့ကြသည်။

ခရီးစဉ်အတွင်း မစ္စပေတုံတန်နှင့် မစ္စတာအန်ဝါတို့သည် ၇ ကြိမ်မြောက် နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ယမန်နှစ်က ဆွေးနွေးခဲ့မှုများတွင် သဘောတူညီခဲ့သည့် လုပ်ငန်းစဉ်များကို နှစ်ဖက်စလုံးက ပြန်လည်သုံးသပ်ကာ အဆင့်မြှင့်တင်ခဲ့ကြသည်။

နှစ်ဖက်ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများနှင့်ပတ်သက်၍ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Sasikam Watthanachan က အကျဉ်းရုံး ရှင်းပြခဲ့သည်။

အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၂၇ ခုနှစ် ကုန်သွယ်ရေးရည်မှန်းချက် အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ရောက်ရှိရေးကိုအကောင်အထည်ဖော်ဆောင်ရန် ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုအားကောင်းစေရေး အတွက် တိုးမြှင့်ဆောင်ရွက်ရန် ဝန်ကြီးချုပ်နှစ်ဦးစလုံးက ထပ်လောင်းကတိပြုခဲ့ကြသည်ဟု မစ္စ Sasikam က ပြောဆိုခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းသည် နယ်စပ်ကုန်သွယ်မှုဖြစ်ပြီး နယ်စပ်ဆက်သွယ်မှုတိုးမြှင့်ရန်နှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု လွယ်ကူချောမွေ့ရေးမြှင့်တင်ရန် အရေးကြီးကြောင်းကို နှစ်ဖက်စလုံးက သဘောတူခဲ့သည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော် ကုန်စည်နှင့် ခရီးသည်ပို့ဆောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှစ်ခု(MoUs) ကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ခေါင်းဆောင်နှစ်ဦးက အလေးထားခဲ့သည်ဟု သူမက ပြောဆိုခဲ့သည်။

လုံခြုံရေးဆိုင်ရာနှင့်ပတ်သက်၍ မငြိမ်သက်ဖြစ်နေသော ထိုင်းတောင်ပိုင်းအရေးသည် ပြည်တွင်းရေးကိစ္စဖြစ်ကြောင်းနှင့် ယင်းဒေသ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ထိုင်းနိုင်ငံက အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း မစ္စတာအန်ဝါက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်အပေါ် တုံ့ပြန်တို-က်ခိုက်မှုများ ပြုလုပ်ပြီးစီးဟု အမေရိကန် CENTCOM ကြေညာ

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ ရေဒါများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် မြေပြင်ကွပ်ကဲရေးစခန်းများသည် အမေရိကန်စစ်တပ်၏ တို-က်ခိုက်မှုပ-စ်မှတ်များ ဖြစ်လာခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ပြောကြားခဲ့သည်။ "အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) တပ်ဖွဲ့များသည် ဇွန်လ ၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်အရ၊ မနေ့က အမေရိကန်စစ်တပ်၏ Apache ရဟတ်ယာဉ်ကို ပ-စ်ချခဲ့မှုအား တုံ့ပြန်သည့်အနေဖြင့် အီရန်အပေါ် မိမိကိုယ်ကို ခုခံကာကွယ်သည့် တိုက်ခိုက်မှုများကို ပြီးဆုံးခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "CENTCOM တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ မြေပြင်ထိန်းချုပ်ရေးစခန်းများနှင့် စောင့်ကြည့်ထောက်လှမ်းရေး...

ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ဦးလှဆွေမေးမြန်း

သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဆက်သွယ်ပေးထားသည့် ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့သည်။ ယနေ့ ဇွန်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယနေ့ပုံမှန်အစည်းအဝေးတွင် ၎င်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။ "တပ်ကုန်းမြို့မှာ ရပ်ကွက်ပေါင်း ၆ ရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၄၉ စု၊ ကျေးရွာပေါင်း ၁၇၆ ရွာ လူဦးရေ ၂ သိန်း ၇ သောင်းကျော်နေထိုင်ပါတယ်။ သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဖြတ်သန်းဆက်သွယ်ထားတဲ့ ပေ ၄၀၀ ရှိတဲ့ ဆင်‌ေ-သချောင်းကူးတံတားဟာ...

မိုးဦးကာလ မြစ်ရေမြင့်တက်မှုကြောင့် ရေယာဉ်များ သတိပြုခုတ်မောင်းရန် သတိပေး

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းတို့ကြောင့် မြစ်ရေများ မြင့်တက်လာနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးသတိပြုခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် မြစ်ရေတက်လာမှုအပေါ်မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ရေလမ်းညွှန်အမှတ်အသားများ ပြသထားမည်ဖြစ်သော်လည်း ရာသီဥတုဒ-ဏ်ကြောင့် အချို့အမှတ်အသားများ ပျ-က်စီးပျေ-ာက်ဆုံးနိုင်သဖြင့် အထူးဂရုပြုခုတ်မောင်းကြရန် ဖော်ပြထားသည်။ ထို့ပြင် ရေများကာလတွင် ရေစီးသန်ခြင်း၊ ဝဲလှည့်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် ရေနည်းကာလ၌ ပေါ်ထွန်းခဲ့သော သောင်နှင့် ကျွန်းများ ရေမြုပ်သွားကာ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ ယင်းကဲ့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071