Wednesday, June 10, 2026

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG က အဆင့်တိုးမြှင့်သတ်မှတ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၉ ရက်၊...

သင်္ဃန်းကျွန်းစံပြစျေးရှေ့ လူကူးဂုံးကျော်တံတားအား အမိုးတပ်ဆင်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ် စံပြစျေးရှေ့ရှိ လူကူးဂုံးကျော်တံတားမှ ဖြတ်သန်းသွားလာသူများ အပူဒ-ဏ်သက်သာစေရေးနှင့် လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာနိုင်ရေးတို့အတွက် အမိုးတပ်ဆင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တပ်ဆင်နေမှုကို ‎ရန်ကုန်မြို့တော်စည်ပင်အတွင်းရေးမှူး ဦးချိုထွန်းအောင်နှင့်...

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) တည်ထောင်ခြင်း (၁၀)...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University - SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်...

AYA Tri Nation Cup...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ (၃) ရက်မှ (၉) ရက်အထိ လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026...
HomeNewsLocal Newsထားဝယ်ရိုးရာ သပိတ်မျောပွဲအား ထားဝယ်မြစ်ကမ်း၌...

ထားဝယ်ရိုးရာ သပိတ်မျောပွဲအား ထားဝယ်မြစ်ကမ်း၌ ကျင်းပ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်ရှိ ထားဝယ်မြစ်ကမ်း၌ ထားဝယ်ရိုးရာ သပိတ်မျောပွဲအား ယနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၂၉) ရက် နံနက် (၄) နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားအား တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုတက်ရောက်၍ သပိတ်မျှောပွဲ မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အရှင်ဥပဂုတ္ထမထေရ်မြတ်အား သပိတ်မျှော၍ ဆွမ်းဆက်ကပ်ကုသိုလ်ပြုခဲ့သည်။

ထို့နောက် ထားဝယ်ရိုးရာသပိတ်မျောပွဲသို့ လာရောက်ကြသည့်ဒေသခံများက ထားဝယ်ရိုးရာ သပိတ်မျှောမုခ်ဦးမှ စတင်ပြီး အကွေ့များပါသော ၀င်္ကဘာကိုဖြတ်ကျော်ကာ စုပေါင်းသပိတ်မျှောခဲ့ကြသည်။

ထားဝယ်ရိုးရာ သပိတ်မျောပွဲသည် အရှင်ဥပဂုတ္တမထေရ်မြတ်အားရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များထည့်ကာ တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးများထွန်းညှိပြီး သပိတ်မျှောခဲ့ခြင်းဖြစ်သည်။

ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာ အပေါင်းကင်းဝေးလွှတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG က အဆင့်တိုးမြှင့်သတ်မှတ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG မှ ပြန်လည်ပေးပို့ခဲ့သည့် Final Factual Check အရ Action Item 6.2၊ 7.2 နှင့် 8.1 တို့ကို “Partly...

သင်္ဃန်းကျွန်းစံပြစျေးရှေ့ လူကူးဂုံးကျော်တံတားအား အမိုးတပ်ဆင်နေ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ် စံပြစျေးရှေ့ရှိ လူကူးဂုံးကျော်တံတားမှ ဖြတ်သန်းသွားလာသူများ အပူဒ-ဏ်သက်သာစေရေးနှင့် လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာနိုင်ရေးတို့အတွက် အမိုးတပ်ဆင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တပ်ဆင်နေမှုကို ‎ရန်ကုန်မြို့တော်စည်ပင်အတွင်းရေးမှူး ဦးချိုထွန်းအောင်နှင့် တာဝန်ရှိသူများက ဇွန် ၉ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ညီလာခံများ ကျင်းပမည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University - SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်များအတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ရာပြည့်လာစာတမ်းဖတ်ပွဲများနှင့် ဘာသာရေးအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် ဗုဒ္ဓဘာသာဆိုင်ရာ အခမ်းအနား အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၂၀၂၆ ဇူလိုင်လ (၃၊ ၄၊ ၅) ရက်တွင် ဝိသုံဂါမသိမ်တော်ရေစက်ချပွဲနှင့်အတူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071