Sunday, December 14, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeInternationalထရန့်မဲဆွယ်ပွဲ ပစ်ခတ်မှုနဲ့ နိုင်ငံရေး...

ထရန့်မဲဆွယ်ပွဲ ပစ်ခတ်မှုနဲ့ နိုင်ငံရေး အကြမ်းဖက်မှုကို ကမ္ဘာ့ခေါင်းဆောင်တွေ ရှုတ်ချ

ထရန့်ရဲ့ ပင်ဆယ်လ်ဗေးနီးယား မဲဆွယ်စည်းရုံးပွဲမှာ ပစ်ခတ်မှုဖြစ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြပါတယ်။ ယင်း ပစ်ခတ်မှုဖြစ်စဉ်အတွင်း သမ္မတဟောင်းဟာ ယာဘက်နားမှာ ‌ေ-သနတ်ဒဏ်ရာရခဲ့ပြီး မဲဆွယ်ပွဲတက်ရောက်သူတစ်ဦးနဲ့ ‌ေ-သနတ်သမားတို့ ‌ေ-သဆုံးခဲ့ပါတယ်။

ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး တုန်လှုပ်ရကြောင်း၊ နိုင်ငံရေးအကြမ်းဖက်မှုကို ရှုတ်ချကြောင်းနဲ့ ထရန့်အမြန်ဆုံး ပြန်ကောင်းလာစေဖို့ ဆန္ဒပြုကြောင်း ခေါင်းဆောင်အသီးသီးက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ နိုင်ငံရေးအကြမ်းဖက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း မိမိတို့ဟာ ဒီမိုကရေစီကို စိန်ခေါ်တဲ့ ဘယ်လိုအကြမ်းဖက်မှုပုံစံမျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်ရပ်တည်ရမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ပစ်ခတ်မှုအတွင်း အခြား မဲဆွယ်ပွဲတက်ရောက်သူနှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဋ္ဌာနက ပြောဆိုခဲ့ပြီး ယခုဖြစ်စဉ်ကို လုပ်ကြံသ – တ်ဖြတ်ရန် ကြိုးစားမှုတစ်ခုအဖြစ် စုံစမ်းစစ်ဆေးမှုလုပ်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို ပြောဆိုကြောင်း သိရပါတယ်။

မဲဆွယ်ပွဲမှာ တွေ့မြင်ရတဲ့ တုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းတွေကြောင့် ထိတ်လန့်ရကြောင်း၊ မည်သည့်နိုင်ငံရေး အကြမ်းဖက်မှု ပုံစံမျိုးမှ မိမိတို့ လူ့အဖွဲ့အစည်းမှာ နေရာမရှိကြောင်းနဲ့ ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်နစ်နာရသူအားလုံးနဲ့ ထပ်တူခံစားရပါကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပြောဆိုခဲ့ပါတယ်။

သြစတြေးလျနဲ့ ကနေဒါ ဝန်ကြီးချုပ်တို့ကလည်း ပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး နိုင်ငံရေးအကြမ်းဖက်မှုဟာ လုံး၀ လက်ခံနိုင်စရာမရှိဘူးလို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ပြောဆိုခဲ့ပါတယ်။

ဒီပစ်ခတ်မှုဖြစ်စဉ်ဟာ သူ့ကို တုန်လှုပ်စေခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောဆိုသလို ယခုသီတင်းပတ်အတွင်းက နေတိုးထိပ်သီးအစည်းအဝေးတက်ရောက်ရင်း ထရန့်နဲ့ တွေ့ဆုံထားခဲ့တဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကလည်း ဒီလို ဝမ်းနည်းဖွယ်ရာအချိန်ကာလမှာ သမ္မတဟောင်းအတွက် သူ ဆုတောင်းပေးနေကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဘရာဇီးသမ္မတ လူလာဒါဆေးဗားက ပြောဆိုကာ ဒီဖြစ်ရပ်အပေါ် ရှုတ်ချကြဖို့ အခြားသူတွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ထို့အတူ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကလည်း ထရန့်ကို မိတ်ဆွေတစ်ဦးလို့ ခေါ်ဆိုကာ အမြန်ဆုံး ပြန်သက်သာစေဖို့ ဆန္ဒပြုကြောင်း ဆိုခဲ့သလို ဖြစ်စဉ်ကို အပြင်းအထန်ရှုတ်ချကြောင်းနဲ့ နိုင်ငံရေးနဲ့ ဒီမိုကရေစီစနစ်မှာ အကြမ်းဖက်မှုအတွက် နေရာမရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Ref: DH

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071