Thursday, May 28, 2026

ပါတီ(၁၀)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်(၄၁)ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ်သတ်မှတ်

ပါတီ(၁၀)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်(၄၁)ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက်အမှတ်(၇ /၂၀၂၆)ဖြင့် ဧပြီ ၃ ရက်နေ့ရက်စွဲဖြင့် အသိပေးခဲ့သည်။ ပြည်သူ့ရှေ့ဆောင်ပါတီမှ(၁၂)ဦး၊ တစ်သီးပုဂ္ဂလ(၁)ဦး၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ(၁)ဦး၊...

ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားကိုပြန်လည်ခေါ်ဆောင်

အယ်လ်ဘေးရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးသော်ဇင်ဖြိုးသည် အယ်လ်ဘေးနီးယားနှင့် ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံ နယ်စပ်တွင် အခက်အခဲ ကြုံတွေ့ခဲ့ရခြင်းကို မေလ ၂၇ ရက်နေ့တွင်...

ဆွာချောင်းတံတား (အပြန်) တည်ဆောက်နေမှုအား သတ်မှတ်ကာလအတွင်း...

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယခင်နှစ်ထက် ခရီးသွားပိုမိုများပြားလာသဖြင့် လမ်းအသုံးပြုခကောက်ခံရငွေ ပိုမိုရရှိလာဟုဆို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် မန္တလေးငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးသွားသော လမ်း၊...

ဒဂုံတက္ကသိုလ်ခွဲရုံရှိ ၁၁ကေဗွီ စတေရှင်ဖီဒါ၏ Circuit...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်ခွဲရုံရှိ (၃၃/၁၁) ကေဗွီ (၁၀) အမ်ဗွီအေ ထရန်စဖော်မာ(No.1)ဓာတ်အားဖြန့်ဖြူးထားသော ၁၁ ကေဗွီ စတေရှင်ဖီဒါ၏ Circuit Breaker...
HomeNewsLocal Newsတောင်သူများထံသို့ သွင်းအားစုများအား ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး...

တောင်သူများထံသို့ သွင်းအားစုများအား ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး ကောင်းမွန်သည့်သွင်းအားစုများ ဖြစ်စေရေး ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ် မှာကြား             

တောင်သူများ ထွန်ယက်စိုက်ပျိုးရေးကို စတင်လုပ်ဆောင်နေကြသောကြောင့် သွင်းအားစုများအား တောင်သူထံသို့ ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး ကောင်းမွန်သည့်သွင်းအားစုများဖြစ်စေရေး ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က မှာကြားခဲ့သည်။            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ၂၆ရက်က ကျင်းပပြုလုပ်စဥ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်များနှင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးရာသီကိုရောက်ရှိလာပြီဖြစ်၍ တောင်သူများအနေဖြင့် လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် သွင်းအားစုများအား တောင်သူများထံသို့ ထိထိရောက်ရောက်ပံ့ပိုးနိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်သည့် သွင်းအားစုများ အချိန်မီရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ သည်။

စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းရောက်ရှိရေး၊ စိုက်ဧကစာရင်းများမှန်ကန်ရေး၊ သီးနှံအထွက်နှုန်းများမှန်ကန်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိ သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါတီ(၁၀)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်(၄၁)ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ်သတ်မှတ်

ပါတီ(၁၀)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်(၄၁)ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက်အမှတ်(၇ /၂၀၂၆)ဖြင့် ဧပြီ ၃ ရက်နေ့ရက်စွဲဖြင့် အသိပေးခဲ့သည်။ ပြည်သူ့ရှေ့ဆောင်ပါတီမှ(၁၂)ဦး၊ တစ်သီးပုဂ္ဂလ(၁)ဦး၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ(၁)ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ(၁၂)ဦး၊ ပြည်သူ့ပါ တီမှ(၄)ဦး၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီမှ (၁)ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ(၂)ဦး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၅)ဦး၊ မြန်မာပြည်သူဒီမိုကရစ်တစ်ပါတီမှ(၁)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ(၁)ဦးတို့ဖြစ်သည်။ ၎င်းတို့သည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ဥပဒေသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများထံတင်သွင်းရန်ပျက်ကွက်ခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ (စ)အရ တရားမဲ့ပြုကျင့်မှုကျူးလွန်ခြင်းဖြစ်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၈ (က)အရ အရည်အချင်း ပျ-က်ယွင်းသူများအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ သတ်မှတ်ကြေညာရန်...

ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားကိုပြန်လည်ခေါ်ဆောင်

အယ်လ်ဘေးရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးသော်ဇင်ဖြိုးသည် အယ်လ်ဘေးနီးယားနှင့် ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံ နယ်စပ်တွင် အခက်အခဲ ကြုံတွေ့ခဲ့ရခြင်းကို မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဦးသော်ဇင်ဖြိုးသည် ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံ၊ International Oraganization for Migration (IOM) အောက်ရှိ Voluntary Return and Reintegration Program (AVRR) ၌ ရောက်ရှိလာပြီး မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့ခြင်းလင်းဖြစ်သည်။ ထိုကြောင့် မြန်မာသံရုံးမှ ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံရှိ...

ဆွာချောင်းတံတား (အပြန်) တည်ဆောက်နေမှုအား သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်သွားရန် ဒုတိယဝန်ကြီး ညွှန်ကြား

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယခင်နှစ်ထက် ခရီးသွားပိုမိုများပြားလာသဖြင့် လမ်းအသုံးပြုခကောက်ခံရငွေ ပိုမိုရရှိလာဟုဆို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် မန္တလေးငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးသွားသော လမ်း၊ တံတားများ ပြန်လည် ပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ မေလ ၂၇ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နေပြည်တော်တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံမှု စနစ်များနှင့် နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှု အခြေအနေများ၊ အမြန်လမ်းမကြီး၌ ဖြတ်သန်းခွင့်ရှိသည့် Telematic စနစ် တပ်ဆင်ထားသည့် သတ်မှတ် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်မှန်လုံယာဉ်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071