Thursday, June 11, 2026

ပဲခူးပြည်သူ့ဆေးရုံကြီးတွင် လူနာများနှင့် လူနာစောင့်များအတွက် အာဟာရဒါန ...

အလှူရှင်များမှ အာဟာရဝေငှပေးရာ နေရာများသို့ လူနာစောင့်များက လာရောက်၍ စနစ်တကျ တန်းစီကာ ဝမ်းမြောက်ဝမ်းသာ အလှူခံယူကြသည်ကို တွေ့ရှိရသည်။ ယခုကဲ့သို့ လှူဒါန်းမှုများသည် ဆေးရုံတက်နေစဉ်အတွင်း မိသားစုဝင်များ၏...

ပညာရေးပြည်ထောင်စုဝန်ကြီးနှင့် UNICEF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့...

ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr....

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန်...

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။ကျိုက်ခေါက်စေတီတော်တွင်...

ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမှတ်များသိသိသာသာမြင့်တက်လာနိုင်ဟု...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့် မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့်...
HomeNewsLocal Newsတောင်ငူမြို့တွင် ငယ်စဥ်ကပင်မွေးမြူခဲ့သည့် ဝက်ဝံကိုက်သတ်မှုကြောင့်...

တောင်ငူမြို့တွင် ငယ်စဥ်ကပင်မွေးမြူခဲ့သည့် ဝက်ဝံကိုက်သတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

တောင်ငူမြို့တွင် ငယ်စဥ်ကပင်မွေးမြူခဲ့သည့် ဝက်ဝံကိုက်သတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

ပဲခူးတိုင်း၊တောင်ငူမြို့နေ တိရစ္ဆာန်ချစ်သူများအကြားထင်ရှားသည့် အနှိုင်းမဲ့အကြင်နာပရဟိတ ဦးကိုကိုအောင်သည် ဧပြီ ၇ ရက်(ယနေ့)နံနက် ၃ နာရီခွဲခန့်က ၎င်းမွေးမြူခဲ့သည့် ဝက်ဝံနှစ်ကောင်မှ ကိုက်သတ်ခဲ့သဖြင့်သေဆုံးခဲ့သည်ဟု တောင်ငူနာရေးကူညီမှုအသင်းမှသိရသည်။

သေဆုံးခဲ့သည့်ဦးကိုကိုအောင်သည် တောင်ငူမြို့၌ မြင့်မိုရ်နန်းတည်းခိုခန်းနှင့် KTV ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ကာ ဝက်ဝံနှစ်ကောင်နှင့်တိရစ္ဆာန်များစွာအား အနှိုင်းမဲ့အကြင်နာပရဟိတ အမည်ဖြင့်ထိန်းသိမ်းစောင့်ရှောက်ပေးနေသူတစ်ဦးဖြစ် ကြောင်း သိရသည်။

ဦးကိုကိုအောင်အား ၎င်းမွေးမြူထားသည့် ဝက်ဝံနှစ်ကောင်ဖြစ်သော ချစ်ပိုနှင့်အိစိကွေးတို့မှ အရိုင်းစိတ်ဝင်၍ ကိုက်သတ်ခဲ့ခြင်းဖြစ်ကာ ကိုက်ခံရချိန်တွင် ဦးကိုကိုအောင်အား ဝင်ရောက်ကူညီပေးခဲ့သည့် အိမ်မွေးခွေးအချို့လည်း ဝက်ဝံကိုက်ခံရသဖြင့်သေဆုံးခဲ့သည်ဟု သိရသည်။

“ကိုအောင်ရဲ့အမျိုးသမီးက ကိုအောင် ဝက်ဝံကိုက်ခံရလို့ ကူညီပေးပါလို့ရုံးကိုဖုန်းဆက်တာကြောင့် ကျွန်တော်တို့သွားပြီးကူညီပေးခဲ့ပါတယ် လူအင်အားအလုံအလောက်နဲ့သွားခဲ့ပေမယ့် အ လောင်းကောက်ဖို့တောင်မလွယ်တဲ့အတွက် ဌာနဆိုင်ရာကလူကြီးတွေကိုအကူအညီတောင်းခဲ့ရပါတယ်”ဟုတောင်ငူနာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

ဦးကိုကိုအောင်၏ ရုပ်အလောင်းအားသယ်ထုတ်ရန် အရိုင်းစိတ်ဝင်နေသည့် ဝက်ဝံနှစ်ကောင်အား တာဝန်ရှိသူများက သေနတ်ဖြင့်ပစ်သတ်ခဲ့ရသည်ဟု သိရသည်။

ထိုသို့ ပစ်သတ်ပြီးနောက် ဦးကိုကိုအောင်၏ရုပ်အ လောင်းအား တောင်ငူနာရေးကူညီမှုအသင်းကားဖြင့် တောင်ငူဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Photo Credit

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးပြည်သူ့ဆေးရုံကြီးတွင် လူနာများနှင့် လူနာစောင့်များအတွက် အာဟာရဒါန  ပါဝင်လှူဒါန်းနိုင်ပဲခူးတိုင်းဒေသကြီး၏ အဓိကအားထားရာ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ နယ်ဝေးမှ လာရောက်ကုသနေကြသည့် လူနာများနှင့် လူနာစောင့် မိသားစုဝင်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် စေတနာရှင် အလှူရှင်များက အာဟာရဒါန ကျွေးမွေးလှူဒါန်းမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အလှူရှင်များမှ အာဟာရဝေငှပေးရာ နေရာများသို့ လူနာစောင့်များက လာရောက်၍ စနစ်တကျ တန်းစီကာ ဝမ်းမြောက်ဝမ်းသာ အလှူခံယူကြသည်ကို တွေ့ရှိရသည်။ ယခုကဲ့သို့ လှူဒါန်းမှုများသည် ဆေးရုံတက်နေစဉ်အတွင်း မိသားစုဝင်များ၏ စားသောက်စရိတ်နှင့် အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုလျက်ရှိသည်။ပဲခူးပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်နှင့်အမျှ တိုးပွားလာသော လူနာများနှင့် မိသားစုဝင်များအတွက် အာဟာရဒါန ကျွေးမွေးလှူဒါန်းလိုသည့် စေတနာရှင်များအနေဖြင့် မနက်​စောစာ ၊​နေ့လည်စာ၊ ဖြည့်စွက်စာ အစရှိသဖြင့် ကုသိုလ်ပါဝင်နိုင်ကြသည်။ အလှူရှင်များအနေဖြင့် ဆေးရုံအုပ်ချုပ်မှုဌာန (သို့မဟုတ်) ဆေးရုံရှိ အာဟာရဒါန ကြီးကြပ်မှုကော်မတီထံသို့ တိုက်ရိုက်ဆက်သွယ်ကာ မိမိတို့ လှူဒါန်းလိုသည့် ရက်နှင့် အချိန်များကို...

ပညာရေးပြည်ထောင်စုဝန်ကြီးနှင့် UNICEF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံ

ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယမန်နေ့ က တွေ့ဆုံခဲ့ကြောင်း သိရသည်။ စာတတ်မြောက်မှုနှုန်းနှင့် ကျား၊ မ ကွာဟချက်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ စာသင်ကျောင်းများနှင့် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသောနေရာ ဖြစ်စေရေးအတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း...

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ရန်ကုန်မြို့၏ တစ်ဖက်ကမ်း သန်လျင်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုကြည်ညိုနိုင်စေရန်အတွက် ဘိုးဘိုးကြီးနန်းနှင့်နတ်ရှင်နောင်အုတ်ဂူ တည်ရှိရာဖက် ​စောင်းတန်း အခြမ်းအား ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။ကျိုက်ခေါက်စေတီတော်တွင် ရှေးခေတ်မွန်နှင့် မြန်မာလက်ရာများစွာ ရှိသည့်အပြင်၊ သမိုင်းဝင် တောင်ငူခေတ် နတ်ရှင်နောင်၏ အုတ်ဂူမှာလည်း ယခုပြုပြင်နေသည့် ဘိုးဘိုးကြီးစောင်းတန်းအနီးတွင် တည်ရှိသဖြင့် သမိုင်းဝင်လက်ရာများ ပေါကြွယ်ဝသော ဘုရားကြီးလည်း ဖြစ်သည်။ မိမိတို့ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်းဖြင့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီး၏ သာသနာ့အဆောက်အအုံများ ရေရှည်တည်တံ့စေရေးတွင် လက်တွဲကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071