Saturday, June 6, 2026

အမေရိကန်ဗီဇာရရှိသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် အီရန်အသင်း စတင်ပြင်ဆင်

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အီရန်အမျိုးသားဘောလုံးအသင်း ကစားသမားများအတွက် အမေရိကန်ဗီဇာများ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အရာရှိများက အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်၊ ကနေဒါနှင့်...

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

      သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏...

ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အ သက်ကယ်အင်္ကျီ (၅၀၀)လှူဒါန်း

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အသက် ကယ်အင်္ကျီ (၅၀၀)ကို ယနေ့ ဇွန် ၆ ရက်က ရန်ကုန်တိုင်း ၊ ကျောက်တံတားမြို့နယ်ရှိ...

(၅)နှစ်နီးပါး ပိတ်ထားခဲ့သည့် မန္တလေးဘူတာကြီး ဂုံးကျော်တံတား...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးအဆောက်အအုံအပေါ်မှ ဖြတ်သန်းသွားလာနိုင်သည့် ဂုံးကျော်တံတားကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဂုံးကျော်တံတားမှာ နိုင်ငံရေးပဋိပက္ခများ...
HomeMoviesတောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု...

တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအထွေထွေပြည်သူ့ဆေးရုံကြီးကို ကုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တောင်ငူမြို့အထွေထွေပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တောင်ငူပြည်သူ့ဆေးရုံကြီး၌ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာဆောင်များတွင် တက်ရောက်ကုသနေသည့် လူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ကုသစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုမေးမြန်းကာ အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆေးရုံအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် အထောက်အကူပြုပစ္စည်းများကို ဆက်လက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တောင်ငူမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများနှင့် တက်ရောက်ကုသနေသည့် မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့ပြင် ဒဏ်ရာရတပ်မတော်သားများအား ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ဆေးရုံ၏ လိုအပ်ချက်များကိုလည်း မေးမြန်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ဗီဇာရရှိသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် အီရန်အသင်း စတင်ပြင်ဆင်

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အီရန်အမျိုးသားဘောလုံးအသင်း ကစားသမားများအတွက် အမေရိကန်ဗီဇာများ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အရာရှိများက အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ အီရန်အသင်း သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဗီဇာထုတ်ပေးမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တွမ် ဘားရက်ခ်က ဗီဇာထုတ်ပေးထားမှုကို အတည်ပြုခဲ့ပြီး အားကစားသည် နိုင်ငံရေးနှင့် နယ်နိမိတ်ကန့်သတ်ချက်များကို ကျော်လွန်သည့် ပေါင်းကူးတံတားတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်နိုင်ငံပိုင် ဖားစ်သတင်းဌာန၏ ဖော်ပြချက်အရ အသင်း၏ နည်းပြအဖွဲ့နှင့် စီမံခန့်ခွဲရေးဝန်ထမ်းအချို့မှာ ဗီဇာရရှိခြင်းမရှိသေးကြောင်း...

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

      သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏ တစ်ခုတည်းသော တရားဝင် စာချုပ်မဟာမိတ်ဖြစ်သည့် ပြုံယမ်းနှင့် ဆက်ဆံရေးကို ပြန်လည်ခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ခုနစ်နှစ်နီးပါးအတွင်း ရှီ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။       ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံ စလုံးက စိုးရိမ် သောကိစ္စရပ်များအပေါ် အမြင်ခြင်းဖလှယ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။      “နှစ်ဖက်စလုံးက ဒီခရီးစဉ်ကို ခေတ်ကာလနဲ့ လျော်ညီစွာ တရုတ်-မြောက်ကိုရီးယားဆက်ဆံရေး...

ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အ သက်ကယ်အင်္ကျီ (၅၀၀)လှူဒါန်း

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အသက် ကယ်အင်္ကျီ (၅၀၀)ကို ယနေ့ ဇွန် ၆ ရက်က ရန်ကုန်တိုင်း ၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)၌ လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်မြစ်အတွင်းပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေ(သမ္ဗာန်)များစီးနင်း၍ ရန်ကုန်-ဒလနှင့် ရန်ကုန်-ဘဆိပ်ကြီးခနောင်တိုလမ်းကြောင်းများကိုသွားလာနေသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုး‌သော် နှင့် တာဝန်ရှိသူများက သမ္ဗာန်ဆိပ်(၁၁)ခုမှ တာဝန်ခံများကို အသက်ကယ်အင်္ကျီ(၅၀၀)ထည်ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071