တောင်ကြီးမြို့တွင် နိုင်ငံတကာအဆင့်မီအားကစားကွင်း တည်ဆောက်ရန် မြေနေရာလျာထားကာ သတ်မှတ်မြေနေရာများ၌ ဘဏ္ဍာနှစ်များအလိုက်ဆောင်ရွက်သွားရန် စီစဉ်နေသည်။
ထိုမြေနေရာသည် တောင်ကြီးမြို့နယ် ၊ ထီဖောင်းကျေးရွာအုပ်စုအတွင်း၌ တည်ရှိပြီး Lay Out Plan များရေးဆွဲသွားရန်လည်း စီစဉ်နေခြင်းလည်း ဖြစ်သည်။
ယင်းမြေနေရာအတွင်း၌ Shan United Fc ၊ ဘောလုံးအကယ်ဒမီ ၊ လူငယ်စင်တာနှင့် နိုင်ငံတကာအဆင့်မီ အားကစားကွင်း / အားကစားရုံ ၊ ရေကူးကန်တို့ပါဝင်မည်ဟုသိရပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်လည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
