Home Movies မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက ဖမ်းဆီးနှိပ် စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြု

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက ဖမ်းဆီးနှိပ် စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြု

0
105

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ ဒေ သခံများကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။

ဇွန် ၁၁ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး(စတုတ္ထနေ့)တွင် ယင်း အဆိုကို လွှတ်တော်သို့တင်သွင်းရာ မှတ်တမ်းတင်အတည်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့ဝင်များက ယင်း ကျေးရွာ(၃)ရွာမှဒေ သခံများကို ဖမ်းဆီးနှိပ်စက်ခြင်းအတွက် ဝမ်းနည်းကြောင်းနှင့် ယင်း အကြမ်းဖက်မှုလုပ်ရပ်အား ကန့် ကွက်ရှုံ့ချကြောင်းအဆိုကို ငဖဲမြို့နယ်မဲဆန္ဒနယ် အ မှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်လင်းကလွှတ်တော်သို့တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်း အဆိုတင်သွင်းမှုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၃)ဦးကထောက်ခံဆွေးနွေးခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌက အဆိုအား လွှတ်တော်၏ အဆုံးအ ဖြတ်ဖြင့်မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ကြယ်ပွင့်ပြမေးခွန်း(၃)ခုကိုမေးမြန်းရာ သက် ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here