Home News Local News တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိ

တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိ

0
136

တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံရှိ 200 KW (၂) လုံးမှ 240 KWနှင့် 300 KVA ဒီဇယ်ဓါတ်အားပေးစက်ရုံမှ 180 KW တို့ဖြင့် လျှပ်စစ်ဓါတ်အားကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အချိန်နှင့်တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးမှာ ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်ပြီး တီးတိန်မြို့အား လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသည့် 300 KVA ဒီဇယ်ဓါတ်အား ပေးစက်ရုံကိုကြည့်ရှုခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here