Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeNewsLocal Newsတိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့်...

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးဟု နစက ဥက္ကဋ္ဌပြော

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင်ကျရောက်သည့် (၇၈)နှစ် မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် ကြီးမားသောမောင်းနှင်အားတစ်ရပ်ဖြစ်၍ တိုင်းရင်းသားညီအစ်ကိုများကြား သံသယများဖယ်ရှားကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားကြရမည်ဟု ပြောသည်။

” လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ နယ်မြေဒေသတွေက ဒေသခံပြည်သူတွေဟာ နိုင်ငံနဲ့ပြည်သူတို့ရဲ့ အကျိုးစီးပွားကိုထိခိုက်စေမယ့် အကြမ်းဖက်မှုတွေ တိုက်ခိုက်မှုတွေကို စိတ်ကုန်မုန်းတီးနေကြပါပြီ။ မိမိတို့ရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးတွေကို များစွာတောင့်တနေကြတဲ့ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားကြဖို့ အသိပေးလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

နစက အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကျင်းပနိုင်ရန်ပြင်ဆင်လျက်ရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင်လုပ်ဆောင်ကြရန်လိုအပ်သည်ဟု ပြော သည်။

” နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တဲ့အတွက် တိုင်းရင်းသားပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်ကြရသလို နိုင်ငံတိုးတက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အဓိပ္ပာယ်မဲ့ပြုန်းတီးနေတာဟာ နိုင်ငံအင်အားလျော့နည်းလာခြင်းဘဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ရာတွင် လေးလေးနက်နက်နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြရန်လည်း နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာသို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ရ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဥပဒေရေးရာဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ အသက် ၇၃ နှစ်အရွယ် နာဂျစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး 1Malaysia Development Berhad (1MDB) ၏ ယခင်ယူနစ် SRC International နှင့် ဆက်စပ်သည့် ရင်းဂစ်...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်မည်

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နယူးယောက်မြို့၌ ကျင်းပမည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 81) သို့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနုတင်သည် ခရီးစဉ်ပထမအဆင့်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နာဂိုယာမြို့၌ အာရှအားကစားပြိုင်ပွဲဝင် ထိုင်းအားကစားသမားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားရန် စီစဉ်ထားသည်။ ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆက်လက်သွားရောက်ကာ စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071