၂၀၂၅ ခုနှစ် (၄၈)ကြိမ်မြောက် တိုင်းနှင့်ပြည်နယ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်းသည် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၁)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါ စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူးနိုင်ခဲ့သည့် ရန်ကုန်တိုင်းအသင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဆုတံဆိပ်များ၊ ဆုကြေးငွေများနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
