ကျင်းပရန် နီးကပ်လာပြီဖြစ်သည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာကော်မရှင်ရုံးခွဲများတွင် စတင်ကပ်ထားနေပြီ ဖြစ်သည်။
ထိုသို့ကပ်ထားခြင်းသည် စက်တင်ဘာ (၃၀)ရက် မှ အောက်တိုဘာ(၁၃)ရက်ထိ (၁၄)ရက်ကြာမြင့်မည်ဖြစ်ကာ မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆိုရမည်လည်း ဖြစ်သည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
အဆိုပါ ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပြီးဖြည့်စွက် ခြင်း၊ ပယ်ဖျ-က်ခြင်း၊ ပြင်ဆင်ခြင်းတို့ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။
လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်(၁၀၂)မြို့နယ်၌ ဒီဇင်ဘာ(၂၈)ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားသည်။
