ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော် YMBA ရုံးအနီးရှိ တိုက်နှစ်လုံးကြားတွင် ယနေ့ အောက်တိုဘာ ၁၇ ရက်ည ၉ နာရီခွဲခန့်က ကလေးငယ်တစ်ဦးပြုတ်ကျကာညပ်နေခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ပုစွန်တောင်မြို့နယ်မီးသ-တ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသ-တ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ပီတိမေတ္တာလူမှူကူညီရေးအသင်းဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြရာ ည ၉ နာရီ ၄၃ မိနစ်တွင်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ညပ်နေသောကလေး(မစိုးရိမ်ရ)အား ပီတိမေတ္တာလူမှူကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
