Tuesday, May 26, 2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...
HomeMoviesတာချီလိတ်မြို့နယ်တွင် ကျပ်ဘီလီယံ ၂၀...

တာချီလိတ်မြို့နယ်တွင် ကျပ်ဘီလီယံ ၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံဖမ်းဆီးရမိ

အဆိုပါဒေသတစ်ဝိုက်တွင် မသင်္ကာဖွယ် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်မည်

တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ကော့ရားကျေးရွာအနီး၌ ခန့်မှန်းငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကို မတ်လ ၂၄ ရက်နေ့ က ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၂၈၅၀၀ ခန့်အကွာ မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ကော့ရားကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ်တဲများအား တွေ့ရှိသဖြင့် ဝင်ရောက် ရှာဖွေစစ်ဆေးချိန် ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

မူးယစ်ဆေးဝါး ချက်လုပ်/ ထုပ်ပိုးသည့် မိုးကာ တဲကြီး နှစ်လုံး၊ အလျား ပေ ၅၀၊ အနံ ပေ ၃၀ ရှိ ထမင်းစားဆောင် မိုးကာတဲတစ်လုံးနှင့် လူနေမိုးကာတဲ တစ်လုံး၊ ၁၀ ပေပတ်လည် လူနေမိုးကာတဲ သုံးလုံး၊ အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ မိုးကာတဲ သုံးလုံးတို့ကို တွေ့ရှိရပြီး ၎င်းတို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ် ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော ၁၉ လုံးကျ ရိုက်စက် နှင့် အင်ဂျင်အသေးတွဲလျက်ပါ လေးလုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်းပြား၊ စိတ်ကြွ ရူးသွပ်ဆေးပြားအကြေ ၂၀ ကီလိုဂရမ်စီပါ ခြောက်အိတ်၊ ပန်းရောင်စိတ်ကြွဆေးမှုန့် ၂၀ ကီလိုဂရမ်စီပါ ၁၅ အိတ်၊ အိုက်စ် ၁ ကီလို ဂရမ်စီပါ ၄၉ ထုပ်၊ ကဖင်း ၁၅ ကီလိုဂရမ်စီပါ ၄၆ အိတ်၊ ကဖင်း ၂၀ ကီလိုဂရမ်စီပါ အိတ် ၇၀၊ အခြောက်ခံစတီးဗန်း ၁၆ ဗန်း၊ မူးယစ်ဆေးဝါးမွှေစက် နှင့် အင်ဂျင်အသေးတွဲလျက်ပါ တစ်လုံး၊ ဂတ်စ်အိုး ၃၂ လုံး၊ မီးစက်အကြီး တစ်လုံး၊ မျောက်ခေါင်း တံဆိပ်အနံ့ဆေးရည် အလုံး ၂၀ စီပါ ၁၂ ဖာ၊ Promethazine တံဆိပ် ပါ ချောင်းဆိုးပျောက်ဆေး အလုံး ၂၅၀၊ ဗင်နီလင်း ၄၀ ကီလိုဂရမ်စီပါ လေးအိတ်၊ ကြယ်တံဆိပ် Food Colour ဘူးသေး ၅၀၊ ကီလိုချိန် စက်အကြီး နှစ်ခု၊ စိတ်ကြွဆေးပြားများထည့်သည့် ပလတ်စတစ် ကပ်ခွာအိတ်ငယ်ပါ ဆာလာအိတ် သုံးအိတ်၊ မှိုင်းကိုင်စက္ကူပါဆာလာ အိတ် သုံးအိတ်၊ ဆေးပြားရိုက် မှိုတံဆိပ်မပါ ၂၀၃ ချောင်း၊ WY တံဆိပ်ပါဆေးပြား ရိုက်မှို ၂၀၄ ချောင်းနှင့် Starlink Gen 3 တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့်) နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ပညာရှင် များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းထားကြောင်း သိရသည်။

အဆိုပါဒေသတစ်ဝိုက်ကိုလည်း မသင်္ကာဖွယ် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင် သေးသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် မယ်ဆိုင်ချောင်းဘေး၌ ငွေကျပ် ၂ ဒဿမ ၈ ဘီလီယံဝန်းကျင် တန်ဖိုးရှိ အိုက်စ် ၂၆၀ ကီလိုဂရမ် ကို မတ်၂၂ ရက်နေ့က လည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ပိတောက်လမ်းမြလင်းပွင့်မိုတယ်အနီး၌ ငွေကျပ် ၉ ဘီလီယံ နီးပါးတန်ဖိုးရှိ WY ဆေးပြားများပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။ အကြံပြုချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ပြည် ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန် ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည် တော်တို့သို့ လိပ်မူပေးပို့နိုင်သည်ဟုအသိပေးဖိတ်ခေါ်ထားသည်။

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး (၁၃)ဦးဒဏ်ရာရခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ(၁၃)ဦးရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ မေ ၂၅ ရက်နေ့လည် ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Wish ကား သည် မိုင်တိုင်အမှတ် ၁၃၆/၆ နှင့် ၁၃၆/၇ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်း​ဘေးသို့​ရောက်ပြီး လမ်းတာ​ဘောင်ထိပ်ရှိ သစ်ပင်(၂)ပင်အားဝင်တိုက်မိကာ ရှေ့ဘီးပြုတ်ထွက်၍လမ်းနယ်အစွန်ရေမြောင်းအ နီးရောက်သွားသဖြင့် အမျိုးသား၊ အမျိုးသမီး(၃)ဦးတို့တွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ကစား သမား(၂၃) ဦး အပြီးသတ်လူစာရင်း ထွက်ပေါ်လာ

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ - ၁၉ အမျိုးသားအသင်း၏ အပြီးသတ်ကစားသမား (၂၃) ဦး လူစာရင်းကို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ် သ ည်။ လက်ရှိတွင် မြန်မာ့လူငယ်သွေးသစ်များဖြင့် စုဖွဲ့ထားသည့် အဆိုပါအသင်းသည် ပြိုင်ပွဲအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာယူ-၁၉ အသင်းသည် အုပ်စု (က) တွင် ကျရောက်နေပြီး အိမ်ရှင်အသင်းနှင့်အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071