Tuesday, April 28, 2026

မင်းဘူးတွင် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်အထိ အပူရှိန်မြင့်တက်၊...

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် အပူရှိန်ဆက်လက်မြင့်တက်နေပြီး မကွေးတိုင်းအတွင်းရှိ မင်းဘူးမြို့သည် အပူချိန် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် အပူဆုံးမြို့အဖြစ် စံချိန်တင်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏...

လက်ဘနွန်ကိုတိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက် —...

လက်ဘနွန်ကို မကြာသေးမီက အစ္စရေးက အသေအပျောက်များစေသော တိုက်ခိုက်မှုများနှင့် အစ္စရေးနိုင်ငံအတွင်းသို့ ဟစ်ဇ်ဘိုလာ ဒုံးကျည်ဖြင့် ပစ်ခတ်မှုသည် နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာ ဥပဒေကို...

နောင်ခမ်းဓမ္မာရုံကျောင်းတော်ကြီးရေစက်ချလှူဒါန်းပွဲကို မိုင်းဖုန်းဆရာတော်ကြီးကြွရောက်တော်မူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ မိုင်းဖုန်း ရတနသုဝဏ္ဏ ပရိယတ္တိစာသင်တိုက်ကြီးအတွင်း၌ CB ဘဏ်မိသားစုမှဆောက်လုပ်လှူဒါန်းသည့် နောင်ခမ်းဓမ္မာရုံကျောင်းတော်ကြီးရေစက်ချလှူဒါန်းပွဲကို ယ နေ့ ဧပြီ ၂၇ ရက်ကကျင်းပခဲ့သည်။ ရေစက်ချလှူဒါန်းပွဲသို့...

ဂျပန်က ရေပေါ်လေအားလျှပ်စစ်စီမံကိန်းကို ၂၀၃၅ တွင်လုပ်ဆောင်မည်

ဧပြီလ ၂၇ ရက် ဂျပန်နိုင်ငံသည် အိုင်ဇုကျွန်းစု အလွန်တွင် ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်သည့် ရေပေါ်လေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ၎င်းမှာ အိုင်ဇုကျွန်းစုနှင့်...
HomeMoviesတာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားသည့် တရုတ်နိုင်ငံသားများအပါအဝင်...

တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားသည့် တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသား(၅၂)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသား(၅၂)ဦးကို ယနေ့ ဧပြီ ၂၇ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)ရပ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၃)ဦးနှင့် မြန်မာနိုင်ငံသူ(၆) ဦးတို့ကို All In One Computer (၃)လုံး၊ Laptop (၁၃) လုံး၊ ဖုန်း(၃၂၀)လုံး၊ Tablet (၁၀၈)လုံး၊ Printer (၁) လုံး၊ Wifi စက်(၆)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်း ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၈)ဦး၊ တရုတ်နိုင်ငံသူ(ထိုင်ဝမ်သူ ၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား/အမျိုးသမီး(၃၄)ဦးတို့ကိုလည်း All In One Computer (၂၃)လုံး၊ မော်နီတာ(၁) လုံး၊ SYSTEM ပုံး(၁)လုံး၊ ဖုန်း(၅၂)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများ၊ ပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်စစ်ဆေး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သိမ်းဆည်းရမိပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူးတွင် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်အထိ အပူရှိန်မြင့်တက်၊ တနင်္သာရီတိုင်းတွင် ပုံမှန်ထက် ၄ ဒီဂရီပိုပူလာသော်လည်း မြောက်ပိုင်းဒေသများတွင် အပူချိန်ပြန်ကျ

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် အပူရှိန်ဆက်လက်မြင့်တက်နေပြီး မကွေးတိုင်းအတွင်းရှိ မင်းဘူးမြို့သည် အပူချိန် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် အပူဆုံးမြို့အဖြစ် စံချိန်တင်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့တိုင်းထွာချက်များအရ ဒေသအလိုက် အပူချိန်ပြောင်းလဲမှုမှာ ထထူးခြားလျက်ရှိပြီ တနင်္သာရီတိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၄ ဒီဂရီဆဲစီးယပ်ခန့် ပိုခဲ့ပြီး၊ ပဲခူး၊ ဧရာဝတီ၊ ကရင်၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် ၂ ဒီဂရီဆဲစီးယပ်ခန့် ပိုမိုပူပြင်းခဲ့ကြောင်း ဆိုသည်။ မိုးရွာသွန်းမှုများရှိခဲ့သည့် ကချင်ပြည် နယ်တွင် ပုံမှန်ထက် ၅ ဒီဂရီဆဲစီးယပ်...

လက်ဘနွန်ကိုတိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက် — ကုလသမဂ္ဂ

လက်ဘနွန်ကို မကြာသေးမီက အစ္စရေးက အသေအပျောက်များစေသော တိုက်ခိုက်မှုများနှင့် အစ္စရေးနိုင်ငံအတွင်းသို့ ဟစ်ဇ်ဘိုလာ ဒုံးကျည်ဖြင့် ပစ်ခတ်မှုသည် နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာ ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (အိုချာ) က ပြောကြားခဲ့သည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှု ပထမ ၃ ပတ်အတွင်း မတ်လ ၂ ရက် နေ့က စတင်ခဲ့သည့် တိုက်ခိုက်မှု နှင့် ပတ်သက်၍ ကုလသမဂ္ဂ အစီရင်ခံစာ ထွက်ပေါ် လာခြင်းဖြစ်သည်။ ဟစ်ဇ်ဘိုလာ...

နောင်ခမ်းဓမ္မာရုံကျောင်းတော်ကြီးရေစက်ချလှူဒါန်းပွဲကို မိုင်းဖုန်းဆရာတော်ကြီးကြွရောက်တော်မူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ မိုင်းဖုန်း ရတနသုဝဏ္ဏ ပရိယတ္တိစာသင်တိုက်ကြီးအတွင်း၌ CB ဘဏ်မိသားစုမှဆောက်လုပ်လှူဒါန်းသည့် နောင်ခမ်းဓမ္မာရုံကျောင်းတော်ကြီးရေစက်ချလှူဒါန်းပွဲကို ယ နေ့ ဧပြီ ၂၇ ရက်ကကျင်းပခဲ့သည်။ ရေစက်ချလှူဒါန်းပွဲသို့ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်တော်မူကာ သီလပေးခြင်း၊ တရားဟောကြားခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်ချခြင်းများကိုပြုလုပ်ပေးတော်မူခဲ့သည်။ Photo-ကိုရှမ်းလေး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071