ဂျိုဟန်နက်စ်ဘာ့ဂ်၊ဖေဖော်ဝါရီ ၂၁
တောင်အာဖရိကနိုင်ငံ၊ဂျိုဟန်နက်စ်ဘာ့ဂ်၌ပြုလုပ်သည့် G – 20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြင်ပ၌ တရုတ် – ရုရှားဆက်ဆံရေးကို တရုတ်နှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိက နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည်ပိုမိုမြင့်မားသည့်အဆင့်နှင့်ပိုမို ကျယ်ပြန့်သည့်ကဏ္ဍများဆီသို့ချီတက်နေပြီဟုလည်းပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များရရှိခဲ့သည့် အရေးကြီးသဘောတူညီမှုကို အပြည့်အဝအကောင်အထည်ဖော်ရန်နှင့် နှစ်သစ်တွင် နှစ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရုရှားနှင့်လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းလည်း သူက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး လားရော့ဗ်ကမူ ရုရှားသည် တရုတ်နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊စီးပွားရေး၊ကုန်သွယ်ရေး၊ဘဏ္ဍာရေး၊ယဉ်ကျေးမှုနှင့် အခြားသောနယ်ပယ်များ၌ပါ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်လိုလားကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ၎င်းတို့သည် အရှေ့အလယ်ပိုင်း အခြေအနေများအပါအဝင် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ နှစ်ဘက်စလုံးက စိုးရိမ်မကင်းဖြစ်ရသည့်ကိစ္စရပ်များအပေါ်နှစ်ဖက်အမြင်များကိုလည်း ဖလှယ်ခဲ့ကြသည်ဟုသိရသည်။
Source : ရှင်းဟွာ
