Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalတရုတ်နှင့် လာအိုတို့ ပူးပေါင်း၍...

တရုတ်နှင့် လာအိုတို့ ပူးပေါင်း၍ AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာတည်ဆောက်မည်

ဗီယန်ကျင်း၊ ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံ၏ ကွမ်ရှီး ဇွမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် လာအိုနိုင်ငံတို့ပူးပေါင်း၍ တနင်္ဂနွေနေ့တွင် တရုတ်-လာအို ဉာဏ်ရည်တု နည်းပညာ ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ ပူးတွဲတည်ထောင်ရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့သည်။

ဤသဘောတူညီမှုသည် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြားတွင် ပထမဆုံးဦးဆုံး ဉာဏ်ရည်တု နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်မှု ပလက်ဖောင်း အဖြစ် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ ၎င်းသည် နည်းပညာခေတ်တွင် လာအိုနိုင်ငံ၏ ဉာဏ်ရည်တု နည်းပညာ နှင့် ပတ်သတ်သော အခြေခံစွမ်းရည်များကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေရန် ရည်ရွယ်ထားသည်။

ဆွေးနွေးပွဲတွင် ပါဝင်သည့် ကွမ်ရှီး ကိုယ်စားလှယ်အဖွဲ့၏အဆိုအရ တရုတ်နှင့် လာအို၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ဤစီမံကိန်းသည် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုမှ စတင်ပြီး လက်မှတ်ရေးထိုးခြင်းအထိ အချိန်တိုအတွင်း ပြီးစီးခဲ့သည်။ ၎င်းသည် ဉာဏ်ရည်တု နည်းပညာ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံစလုံး၏ ခိုင်မာသော သဘောတူညီမှုနှင့် ထိရောက်စွာ အကောင်အထည်ဖော်မှုကို အပြည့်အဝပြသနေပါသည်။

ကွမ်ရှီး ကိုယ်စားလှယ်အဖွဲ့ မှပြောကြားချက်အရ ယခုကဲ့သို့ အောင်မြင်မှုသည် ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများကို ရယူရှာဖွေရာတွင် တရုတ်နှင့် လာအိုတို့၏ လက်တွေ့ဆန်သော ချဉ်းကပ်မှုများကို တွေ့မြင်နိုင်ပါသည်။ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သော ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် ဂေဟစနစ်တစ်ခု ကိုတည်ဆောက်ရာတွင် လွယ်ကူချော့မွေ့စွာပူးပေါင်းဆောင်ရွက်နိုင်ရန် တရုတ်-အာဆီယံ ပူးတွဲကြေညာချက် ကို နှစ်ဘက်လုံးက လိုက်နာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကွမ်ရှီး ကိုယ်စားလှယ် အဖွဲ့ကထပ်မံပြောကြားခဲ့သည်။

ကွမ်ရှီး နှင့် အာဆီယံနိုင်ငံများသည် တရုတ်-အာဆီယံ ဉာဏ်ရည်တု နည်းပညာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနကို တရုတ်အစိုးရမှ အဆိုပြုထားသည့် အားလုံးအတွက် ပိုမိုကောင်းမွန်သော ဉာဏ်ရည်တု နည်းပညာ စွမ်းရည်တည်ဆောက်ရေး လုပ်ဆောင်ချက်အစီအစဉ် ကို အကောင်အထည်ဖော်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။

ရှေ့ဆက်၍ ကွမ်ရှီး သည် ဤပူးပေါင်းဆောင်ရွက်မှုမှ အစပြု၍ အာဆီယံနိုင်ငံများနှင့် တရုတ်-အာဆီယံ ဉာဏ်ရည်တု နည်းပညာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာများကို ပူးတွဲတည်ထောင်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် အာဆီယံနိုင်ငံများအား နိုင်ငံအလိုက် သီးခြားလွတ်လပ်၍ ထိန်းချုပ်နိုင်သော ဉာဏ်ရည်တု နည်းပညာ အပေါ် လုပ်ပိုင်ခွင့်ခွင့် အပြည့်ရှိသောပုံစံကို တည်ဆောက်ရန်ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ဉာဏ်ရည်တု နည်းပညာ ၊ နိုင်ငံဖြတ်ကျော်ဒေတာ လွှဲပြောင်းပို့ဆောင်ဖလှယ်ခြင်း ၊ စွမ်းရည်မြှင့်သင်တန်းများနှင့် အခြားနယ်ပယ်များတွင် တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်မြှင့်တင်သွားမည်ဖြစ်သည်။

ဤစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ဉာဏ်ရည်တု နည်းပညာကို တိုးတက်မြှင့်တင်ပြီး ဆန်းသစ်တီထွင်မှုများ လုပ်ဆောင်နိုင်ရန် အားပေးခြင်း၊ အာဆီယံ နိုင်ငံများ၏ ဘာသာစကားများနှင့် ယဉ်ကျေးမှု များကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ပံ့ပိုးမှုများပြုလုပ်ခြင်း၊ လူသားမျိုးနွယ် အားလုံးအတွက် အကျိုးရှိစေမည့် ဉာဏ်ရည်တု နည်းပညာ အသုံးချမှု အဆင့်မြှင့်တင်ခြင်း၊ ဉာဏ်ရည် အဆင့်အတန်းနှင့် လူမှုဖူလုံရေးကို တိုးတက်စေရေး ကူညီပံ့ပိုးရန် ရည်ရွယ်ပါသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071