Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsတရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး အလုံးရေ...

တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး အလုံးရေ ၂ သန်းအား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လက်ခံရယူပေးခဲ့

တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး အလုံးရေ ၂ သန်းအား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လက်ခံရယူပေးခဲ့

မြန်မာနိုင်ငံ၏ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ၌ အသုံးပြုရန် တရုတ်နိုင်ငံက အာဆီယံမှတဆင့် ကာကွယ်ဆေးအလုံးရေ ၂ သန်းအား ဇွန် ၃၀ ရက်(ယနေ့)နံနက် ၉ နာရီက ပြည်လမ်းရှိ တရုတ်နိုင်ငံသံအမတ်ကြီးနေအိမ်၌ လွှဲပြောင်းလှူဒါန်းခဲ့သည်။

ထိုသို့ လွှဲပြောင်းလှူဒါန်းရာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်၊ကမ္ဘောဒီးယားနိုင်ငံဒု-ဝန်ကြီးချုပ်၊နိုင်ငံ ခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး မစ္စတာပရပ်ဆုတ်ခွန်းတက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ လက်ခံရယူပေးခဲ့သည်။

တရုတ်သံအမတ်ကြီးမစ္စတာ Chen Hai က ကိုဗစ်(၁၉)ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်- မြန်မာ အချင်းချင်းကူညီကာ အခက်အခဲများအား အတူတကွကျော်ဖြတ်ခဲ့ပြီး တရုတ်နိုင်ငံမှမြန်မာနိုင်ငံအတွက် နှစ်နိုင်ငံလမ်းကြောင်းမှတစ် ဆင့် ကာကွယ်ဆေးအလုံးရေ ၅၁ သန်းအားပံ့ပိုးပေးခဲ့ပြီးဖြစ်ကာ ပြည်တွင်းဖြည့်သွင်းခြင်းနှင့်ကာကွယ်ဆေးထုတ်လုပ်ရာတွင်လည်း မြန်မာ နိုင်ငံအားကူညီပေးခဲ့သည်ဟု ပြောသည်။

“အောက်ဆီဂျင်အရည်နဲ့တခြားလိုအပ်တဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းတွေအတွက် အစိမ်းရောင်လမ်းကြောင်းကိုဖွင့်ပေးပြီး မြန်မာနိုင်ငံမှာ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ကူညီပေးခဲ့ပါတယ် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီတွေကို တက်ကြွစွာထောက်ခံပါတယ်”ဟု တရုတ်သံအမတ်ကြီးကပြောသည်။

ထို့ပြင် အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာအကူအညီပေးရေးဆိုင်ရာကတိပြုပွဲအား မြန်ဆန်စွာအ ကောင်အထည်ဖော်သည့်အနေဖြင့် တရုတ်နိုင်ငံသည် အာဆီယံမှတဆင့် မြန်မာနိုင်ငံသို့ ကာ ကွယ်ဆေးအလုံးရေ ၂ သန်း ထပ်မံထုတ်ပေးခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများအား ကာကွယ်ဆေးအလုံးရေ သန်း ၆၀၀ ကျော် ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

“တရုတ်နဲ့အာဆီယံတို့ဟာ မြန်မာနိုင်ငံရဲ့မိတ်ဆွေတွေဖြစ်တယ် မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့ မရှိမဖြစ်လိုအပ်တဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ် မြန်မာနိုင်ငံမှာ အခြေအနေတွေပြောင်းလဲလာချိန်ကစပြီး တရုတ်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မြှင့်တင်ဖို့အတွက် မြန်မာ၊အာဆီယံတို့နဲ့အကြိမ်ကြိမ်ဆက်သွယ်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဏကနေပါဝင်ခဲ့ပါတယ်”ဟု တရုတ်သံအမတ်ကြီးကပြောသည်။

ထို့ပြင် အာဆီယံအထူးသံတမန်၏ ညှိနှိုင်းဆောင် ရွက်မှုများနှင့်မြန်မာနိုင်ငံအတွက် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီများတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA ဗဟိုဌာနတို့အား တရုတ်နိုင်ငံမှထောက်ခံကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ပြန် လည်စတင်ရာ၌ အပြုသဘောဆောင်သည့် အ ခန်းကဏ္ဍမှပါဝင်ဆောင်ရွက်ရန် အာဆီယံ၊အခြားမိတ်ဆွေပါတီများနှင့်လက်တွဲဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့နောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ကမ္ဘောဒီးယားနိုင်ငံ ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရပ်ဆုတ်ခွန်းနှင့် H.E.Mr.Ekkaphab phanthavong တို့ကအမှာစကားများပြောကြားကာ တရုတ်သံအမတ်ကြီးမှ အာဆီယံမှတဆင့် မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကာကွယ်ဆေးအလုံးရေ ၂ သန်းအား ကျန်းမာရေးဝန်ကြီးဌာန၊ဒု-ဝန် ကြီးဒေါက်တာအေးထွန်း၊တာဝန်ရှိသူများနှင့်အ တူ လွှဲပြောင်းလက်ခံရယူခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071