Monday, July 27, 2026

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း”...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး...

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS...

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့်...

ထိုင်းတောင်ပိုင်း ကုန်းတွင်းတံတား စီမံကိန်းကိုဆိုင်းငံ့

စီမံကိန်းကိုအကောင်အထည်ဖေါ်မှု၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ရေး ကော်မတီများ၏ သုံးသပ်ချက်အရ ထိုင်းတောင်ပိုင်း တံတား စီမံကိန်းသည် ဘောဂဗေဒနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်နိုင်စွမ်း အလွန်နည်းပါးပြီး နိုင်ငံတော်...
HomeNewsLocal Newsတရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌...

တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုကြ

ရင်းနှီးမြှုပ်နှံမှုများကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေးအမြန်ဆုံးဆောင်ရွက်မည်

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့နှင့် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တို့၌ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့်တွေ့ဆုံစဉ် ၎င်းတို့မှ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီး မြှုပ်နှံလိုကြသည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ လာရောက်ရင်းနှီးမြှုပ်နှံချိန်၌ ရင်းနှီးမြှုပ်နှံမှုများကြန့်ကြာမှုမရှိစေရေးကို ပြန်လည်စိစစ်ရမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုအသစ်များထပ်မံဝင်ရောက်လာနိုင်ရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်သွားပေးရမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပေါများလာခြင်း၊ နည်းပညာများရရှိခြင်းတို့မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဟု ပြောသည်။

တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများသည် ယွမ်ငွေဖြင့်ရင်းနှီးမြှုပ်နှံလိုကြကာ ကုန်သွယ်မှုတွင် လည်း ယွမ်နှင့်ကျပ်တိုက်ရိုက်ပေးချေခြင်းများကို ဆောင်ရွက်လျက်ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏများစွာရှိသဖြင့် ရင်းနှီးမြှပ်နှံမှုလုပ် ငန်းများကို ဒေါ်လာဖြင့်သာမက ယွမ်နှင့်ပါဆောင် ရွက်နိုင်ပါက ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာပြီး နိုင်ငံအတွက်များစွာအကျိုးရှိမည်ဖြစ်၍ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ပြောသည်။

တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြန်ဆန်တိုး တက်စေရေးအတွက် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် မြန်မာ-တရုတ်ကုန်သွယ်မှုနှင့် ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်းဖွဲ့စည်းရန် ပြောကြားထားပြီးဖြစ်သည်ဟု ပြောသည်။

ဟေလုံကျန်းပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့၏ စိုက်ပျိုး ရေးလုပ်ငန်းများတွင် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများ၊ Al စနစ်များကိုအသုံးပြုဆောင်ရွက်လျက်ရှိ၍ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် မိမိတို့ထက်ကောင်းမွန်သာလွန်မှုများကို အတုယူဆောင် ရွက်ရမည့်နည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်တိုးတက်စေရန် မြန်မာနိုင်ငံထက်ပိုမိုသာ လွန်ကောင်းမွန်သည့် နိုင်ငံများ၏စိုက်ပျိုးရေးလုပ်ငန်းများကို လေ့လာဆောင်ရွက်ကြရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၆ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပခဲ့သည်။ အဆိုပါ​အခမ်းအနားကို ရှေးဦးစွာ မောင်းတီး၍ မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။​ ထို့နောက် မြန်မာ့ယဉ်ကျေးမှု...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကျေးလက်လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသဖြင့် ကျေးလက်နေအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီးများ...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးအတွက် အာရှတွင် အသက်သာဆုံးဖြစ်သည့် တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် CNG များကို ဦးစားပေး ရောင်းချပေးနေခြင်း ဖြစ်သည်။ သို့သော် အဆိုပါ YBS ၁၀ စီးမှာ သတ်မှတ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071