Monday, May 25, 2026

ပေကျင်းမြို့၌ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ် ငန်းဆိုင်ရာ...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ"ကို မေ ၂၄ ရက်ကဖွင့်လှစ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၏ သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ တရုတ်နိုင်ငံ၊...

မရမ်းကုန်းမြို့နယ်တွင် AI နည်းပညာဖြင့် မျက်စိစမ်း...

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံ၌ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ‌AI နည်းပညာအသုံးပြု၍ မျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင်...

အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ထူ‌ထောင်ရန် နိုင်ငံအချို့ကို...

ပြီးခဲ့သည့် စနေနေ့က အရှေ့အလယ်ပိုင်းနိုင်ငံအချို့နှင့် ပါကစ္စတန်ခေါင်းဆောင်များနှင့် ဖုန်းဖြင့် ပူးတွဲဆွေးနွေးမှု ပြုလုပ်စဉ် ဝါရှင်တန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပါက အစ္စရေးနှင့်...

ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု...

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့ သောက်သုံးရေရရှိရေးလုပ်ငန်းများအနက် ထွာန်းစိမ့်စမ်းရေ...
HomeInternationalတရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang...

တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Ishaq Dar တို့တွေ့ဆုံ

ဟော်မုဇ်ရေလက်ကြား၏ပုံမှန်သွားလာမှုကို အမြန်ဆုံးပြန်လည်ဖော်ဆောင်ရန်တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူ ရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Ishaq Dar တို့ မတ် ၃၁ ရက်က ပေကျင်းမြို့၌တွေ့ဆုံ၍ ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဥ် ရေကြောင်းသွားလာမှုဘေးကင်းလုံခြုံရေးကိုအာမခံချက်ရှိစေရန်အတွက် ဟော်မုဇ်ရေလက်ကြားနှင့် အနီးတစ်ဝိုက်ရေပြင်များသည် အပြည်ပြည်ဆိုင်ရာ ကုန်စည်နှင့် စွမ်းအင်ကုန်သွယ်မှုအတွက်အရေးကြီးသောလမ်းကြောင်းများဖြစ်ခြင်းကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ သက်ဆိုင်ရာအဖွဲ့အစည်းများအား ဟော်မုဇ်ရေလက်ကြားအတွင်းပိတ်မိနေသော သင်္ဘောများနှင့် သင်္ဘောသားများ၏ ဘေးကင်းရေးကိုကာကွယ်ရန်၊ အရပ်ဘက်ကုန်သွယ်ရေးသင်္ဘောများအမြန်ဆုံးဘေးကင်းစွာဖြတ်သန်းသွားလာနိုင်ရေးစီစဉ်ပေးရန်နှင့် ရေလက်ကြား၏ ပုံမှန်သွားလာမှုကိုအမြန်ဆုံးပြန်လည်ဖော်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို အပြည့်အဝလိုက်နာရန်၊ စွမ်းအင်၊ ရေချိုထုတ်လုပ်မှု၊ လျှပ်စစ်ဓာတ်အားစသည့် အရေးကြီးသော အခြေခံအဆောက်အအုံများနှင့် နျူကလီးယားစွမ်းအင်သုံး အဆောက်အအုံများအား တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်လည်း တိုက်တွန်းခဲ့သည်။

ရန်လိုသည့်လုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန်၊ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရန်၊ ပဋိပက္ခများပျံ့ နှံ့မှုကိုအစွမ်းကုန်တားဆီးရန်၊ စစ်ဘေးသင့်ဒေသအားလုံးသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဝင်ရောက်ခွင့်ပြုရန်လည်း တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်ရန်၊ အီရန်နိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်တည်တံ့ခိုင်မြဲမှု၊ နိုင်ငံတော်လွတ်လပ်ရေးနှင့်လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်သင့်ပြီး ဆွေးနွေးညှိနှိုင်းခြင်းနှင့် သံတမန်နည်းလမ်းများသည် ပဋိပက္ခများကိုဖြေရှင်းရန်တစ်ခုတည်းသောဖြစ်နိုင်ခြေရှိသောလမ်းစဉ်ဖြစ်သည်ဟု တိုက်တွန်းခဲ့ကြသည်။

စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကိုကျင့်သုံးသင့်ကာ ကုလသမဂ္ဂ၏ အရေးပါသော အခန်းကဏ္ဍကိုခိုင်မာစေရန် ပူးပေါင်းတွန်းအားပေးသင့်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်၊ မူဝါဒများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအပေါ်အခြေခံ၍ ဘက်စုံငြိမ်းချမ်းရေးမူဘောင်တည်ဆောက်ရန်၊ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိစေရန် သဘောတူညီချက်များရယူခြင်းကို ထောက်ခံအားပေးသည်ဟုလည်း အသိပေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေကျင်းမြို့၌ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ် ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ”ဖွင့်လှစ်  မြန်မာသံအမတ်ကြီးက ဖွံ့ဖြိုးတိုးတက်သောဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခုကိုမျှော်လင့်လျက်ရှိဟုပြောကြားခဲ့

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ"ကို မေ ၂၄ ရက်ကဖွင့်လှစ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၏ သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ တရုတ်နိုင်ငံ၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန် ကြီးဌာန၏ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ယခုဖွင့်လှစ်သည့် စင်တာအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင်ချမှတ်ခဲ့သော မဟာဗျူဟာမြောက်မျှော်မှန်းချက်ကိုအကောင် အထည်ဖော်ခြင်းဖြစ်သည်ဟု ပြောသည်။ စင်တာသည် နည်းပညာတိုးတက်ရေးနှင့် ဒေသတွင်း ပေါင်းစည်းရေးအတွက် တွန်းအားတစ်ရပ်အဖြစ်ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုများပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော ဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခုကိုမျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။ စင်တာဖွင့်ပွဲတွင် တရုတ်နိုင်ငံ၊ စက်မှုနှင့်သတင်းအ...

မရမ်းကုန်းမြို့နယ်တွင် AI နည်းပညာဖြင့် မျက်စိစမ်း သပ်စစ်ဆေးပေး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံ၌ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ‌AI နည်းပညာအသုံးပြု၍ မျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများကလည်း လာရောက်ကုသမှုခံယူသူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြု လုပ်ပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မေ ၂၄ ရက်တွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လန်းသေဆေး(အဘိတ်)ခတ်ခြင်းလုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်စေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာ...

အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ထူ‌ထောင်ရန် နိုင်ငံအချို့ကို ထရမ့် တိုက်တွန်း

ပြီးခဲ့သည့် စနေနေ့က အရှေ့အလယ်ပိုင်းနိုင်ငံအချို့နှင့် ပါကစ္စတန်ခေါင်းဆောင်များနှင့် ဖုန်းဖြင့် ပူးတွဲဆွေးနွေးမှု ပြုလုပ်စဉ် ဝါရှင်တန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပါက အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန်အတွက် အေဘရာဟမ် သဘောတူညီချက် (Abraham Accords)တွင် ပါဝင်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ကြောင်း Axios သတင်းဌာနက အမေရိကန်အရာရှိ နှစ်ဦးကို ကိုးကား၍ ဖော်ပြချက်အရသိရသည်။ အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ မေလ ၂၃ ရက်က ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာ၊ ယူအေအီး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071