Thursday, May 14, 2026

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ကွာလာလမ်ပူသို့...

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် မေ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး ကွာလာလမ်ပူမြို့သို့...

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ...

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊...

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...
HomeMoviesတရုတ်စျေးကွက်သို့ အလွန်မွှေးပျံ့သည့်ရနံ့ရှိသော မြန်မာ့စိန်တလုံးသရက်သီး...

တရုတ်စျေးကွက်သို့ အလွန်မွှေးပျံ့သည့်ရနံ့ရှိသော မြန်မာ့စိန်တလုံးသရက်သီး ပိုမိုထိုးဖောက်နိုင်ရန် ချုံချင့်မြို့ ၌ စျေးကွက်မြှင့်တင်ရေးမိတ်ဆက်

​မြန်မာနိုင်ငံ၏ အကောင်းဆုံးထွက်ကုန်တစ်ခုဖြစ်ကာ အလွန်မွှေးပျံ့သောရနံ့ရှိသည့် “မြန်မာ့စိန်တလုံးသရက်သီး”ကို တရုတ်နိုင်ငံဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လိုအပ်ချက်မြှင့်တင်ရန်ရည်ရွယ်သည့်မိတ်ဆက်ပွဲကို ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ မေ ၁၁ ရက်က ကျင်းပခဲ့သည်။

မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် မြန်မာ့စိန်တလုံးသရက်သီး၏ ထူးခြားသောအရသာနှင့် အရည်အသွေးကိုဖော်ပြထားသည့် ဗီဒီယိုမှတ်တမ်းကိုပြသခဲ့သည်။ 

ထို့နောက် တက်ရောက်လာသူများအား ​မြန်မာ့စိန်တလုံးသရက်သီးလတ်လတ်ဆတ်ဆတ်များ၊ ​သရက်သီးဖြင့်ပြုလုပ်ထားသည့် မုန့်များ၊ ဖျော်ရည်များ၊ ​မြန်မာ့လက်ဖက်ရည်၊ ကော်ဖီ၊ မြန်မာဘီယာတို့ဖြင့်ဧည့်ခံပြီး မြန်မာ့ထွက်ကုန်များကိုခင်းကျင်းပြသခဲ့သည်။

အဆိုပါ မိတ်ဆက်ပွဲကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍအတွက်အလွန်အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကာ တရုတ်နိုင်ငံသည် မြန်မာ့သရက်သီး၏ အဓိကဈေးကွက်ကြီးဖြစ်ပြီး ချုံချင့်မြို့ကဲ့ သို့ စီးပွားရေးအချက်အချာကျသော မြို့ကြီးများတွင် မိတ်ဆက်ခြင်းဖြင့် ဈေးကွက်ဝယ်လိုအားကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် အစားအသောက်မှတစ်ဆင့် နိုင်ငံတကာသံတမန်များကို ဆွဲဆောင်ခြင်းသည် နိုင်ငံ၏ပုံရိပ်ကိုမြှင့်တင်ပေးရုံသာမက မြန်မာ့ထွက်ကုန်များအပေါ် ယုံကြည်မှုကိုလည်းတိုးတက်စေမည်ဖြစ်ကာ အခမ်းအနားတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှတစ်ဆင့် မြန်မာ့စိန်တလုံးသရက်သီးအား တရုတ်နိုင်ငံအတွင်းပို မိုကျယ်ပြန့်စွာဖြန့်ဖြူးရောင်းချနိုင်မည့် အခွင့်အလမ်းများလည်း ပေါ်ထွက်လာမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ကွာလာလမ်ပူသို့ ရောက်ရှိ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် မေ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး ကွာလာလမ်ပူမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် မလေးရှားနိုင်ငံသို့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို မေ ၁၆ ရက်မှ ၂၃ ရက်အထိ ကွာလာလမ်ပူမြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှ ဇင်မင်းဦး (အာဒစ်) ၊ သန့်ဇင်ထွန်း (ဓာတ်လုံး) ၊ အောင်အောင်...

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ အုတ်ကန်များကိုအဘိတ်ဆေးထည့်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရန် ကျောင်းဝင်းအတွင်းရှိ အုတ်ကန်များအတွင်း အဘိတ်ဆေးထည့်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိ(Photo News)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့သည်။ ယင်း ခရီးစဉ်သည် ၉ နှစ်နီပါး ကာလအတွင်း တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံ သမ္မတတစ်ဦး ၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သလို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ ထရမ့်၏ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း သူ၏ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071