Wednesday, September 16, 2026

ချင်းဖိုက်တာ ဂျော့ရှူးဝါးဗန်နှင့် ဘရာဇီးချန်ပီယံဟောင်း ပန်တိုဂျာတို့...

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre...

မွန်ပြည်နယ်တွင် မြန်မာ့စတုတ္ထမြောက်အကြီးဆုံး ဖြစ်လာမည့် “ရာမည...

ရေး၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅...

ဟော်မုဇ်ရေလက်ကြားပြဿနာကြောင့် EU ဘီလီယံ ၉၀...

​ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်...

ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း...
HomeNewsLocal Newsတရုတ်ကမြန်မာနယ်စပ်အနီးအဆင့်မြင့်ရေဒါများဖြန့်ကျက်တပ်ဆင်ထား

တရုတ်ကမြန်မာနယ်စပ်အနီးအဆင့်မြင့်ရေဒါများဖြန့်ကျက်တပ်ဆင်ထား

ဖေဖော်ဝါရီ ၂၇

တရုတ်သည် နိုင်ငံ၏အနောက်တောင်ပိုင်း မြန်မာနယ်စပ်အနီးရှိ ယူနန်ပြည်နယ်တွင် ခေတ်မီ နည်းပညာမြင့်မားသော ရေဒါစနစ်တစ်ခုကို တပ်ဆင်ခဲ့ပြီး ယင်းလှုပ်ရှားမှုသည် အိန္ဒိယ၏ ဒုံးကျည်စနစ်များနှင့် နိုင်ငံတော်လုံခြုံရေးအတွက် သိသိသာသာအကျိုး သက်ရောက်မှုရှိစေမည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။

အသစ်တပ်ဆင်ထားသည့် Large Phased Array Radar (LPAR) သည် တရုတ်နိုင်ငံပေကျင်းမှ အိန္ဒိယသမုဒ္ဒရာ၏ ကျယ်ပြန့်သောဧရိယာများနှင့် အိန္ဒိယပိုင်နက်အတွင်းသို့ စောင့်ကြည့်နိုင်စေမည့် ကီလိုမီတာ ၅,၀၀၀ ကျော် စောင့်ကြည့်ထောက်လှမ်းနိုင်သော အကွာအဝေးကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ ဤအဆင့်မြင့်ရေဒါစနစ်သည် အထူးသဖြင့် အိန္ဒိယ၏ ပဲ့ထိန်းဒုံးကျည်စနစ်များနှင့် ဆက်စပ်၍ တရုတ်နိုင်ငံ၏ ထောက်လှမ်းရေးစုဆောင်းနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ကြောင်း သတင်းရင်းမြစ်များက India Today TV သို့ ပြောကြားခဲ့သည်။

ကြိုတင်သတိပေးမှုနှင့် စောင့်ကြည့်ခြင်းအတွက် ဒီဇိုင်းထုတ်ထားသည့် LPAR စနစ်သည် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီး ခြေရာခံနိုင်စွမ်းရှိသည်။ ၎င်း၏ ကျယ်ပြန့်စွာထောက်လှမ်းနိုင်သော အကွာအဝေးကြောင့် အိန္ဒိယ၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဒေါက်တာ အေပီဂျေ အဗ်ဒူလ် ကလာမ်ကျွန်း ကဲ့သို့သော အဓိကနေရာများမှ အိန္ဒိယ၏ ဒုံးကျည်စမ်းသပ်မှုများကို ထိရောက်စွာ ခြေရာခံ စောင့်ကြည့်နိုင်သည်။

ဤနေရာများသည် Agni-5 နှင့် K-4 ကဲ့သို့သော အဆင့်မြင့် ဘောလစ်စတစ် ပဲ့ထိန်းဒုံးကျည်များအတွက် အရေးပါသော စမ်းသပ်ကွင်းများဖြစ်သည်။ ဒုံးကျည်ပစ်လွှတ်ရာလမ်းကြောင်း၊
အမြန်နှုန်းနှင့် အကွာအဝေးဆိုင်ရာ အရေးကြီးသော အချက်အလက်များကို ဖမ်းယူခြင်းဖြင့် တရုတ်သည် မဟာကြီးမား‌သောအားသာချက်ကို ရရှိပြီး အိန္ဒိယ၏ ကြီးထွားလာနေသော ဒုံးကျည်စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာပြီး တန်ပြန်ဆန်းစစ်အရေးယူမှုများ ပြုလုပ်နိုင်စေမည်ဖြစ်သည်။

ယူနန်ပြည်နယ်ရှိ ဤရေဒါစခန်း၏ ဗျူဟာမြောက်နေရာချထားတည်ရှိမှုသည် အထူးအရေးကြီးပါသည်။ ဘင်္ဂလားပင်လယ်အော်နှင့် အရေးကြီးသော အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နီးကပ်စွာတည်ရှိပါသည်။ အိန္ဒိယ၏ အားကောင်းသော ရေတပ်တည်ရှိရာဒေသများ၊ ရေကြောင်းနှင့် စစ်ရေးလှုပ်ရှားမှုများကို တရုတ်ကထိရောက်စွာ ထောက်လှမ်းနိုင်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းဖိုက်တာ ဂျော့ရှူးဝါးဗန်နှင့် ဘရာဇီးချန်ပီယံဟောင်း ပန်တိုဂျာတို့ စက်တင်ဘာ ၁၉ ရက် မကျေပွဲထိုးသ-တ်မည်

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့၏ မကျေပွဲ (Rematch) ကို စက်တင်ဘာ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်း (Main Event) အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ကစားသမားနှစ်ဦးစလုံး လော့စ်အိန်ဂျလိစ်သို့...

မွန်ပြည်နယ်တွင် မြန်မာ့စတုတ္ထမြောက်အကြီးဆုံး ဖြစ်လာမည့် “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီး သွန်းလုပ်မည်

ရေး၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅ တန်ရှိ “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီးကို သွန်းလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြေးခေါင်းလောင်းကြီးသည် ပိဿာချိန် ၁၅,၃၀၀ ခန့်ရှိမည်ဖြစ်ပြီး သွန်းလုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ကြေးခေါင်းလောင်းကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မင်းကွန်းခေါင်းလောင်းကြီး၊ သာယာဝတီမင်းခေါင်းလောင်းတော်နှင့် သီရိသုမနခေါင်းလောင်းတော်တို့ကို မြန်မာနိုင်ငံရှိ အကြီးဆုံးကြေးခေါင်းလောင်းကြီးများအဖြစ် အစဉ်လိုက် သတ်မှတ်ထားကြောင်း သိရသည်။ ခေါင်းလောင်းကြီးသွန်းလုပ်ရန် ဒေသခံပြည်သူများ...

ဟော်မုဇ်ရေလက်ကြားပြဿနာကြောင့် EU ဘီလီယံ ၉၀ ဆုံးရှုံး

​ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန် (Ursula von der Leyen) က ပြောကြားလိုက်ပါတယ်။ ​အီရန်ပတ်ဝန်းကျင်က ပဋိပက္ခတွေနဲ့ ဟော်မုဇ်ရေလက်ကြားက အခြေအနေတွေကြောင့် အခုလို ယူရိုငွေ ဘီလီယံ ၉၀ အထိ ဆုံးရှုံးခဲ့ရတာလို့ သူမက ဆိုပါတယ်။ "ဟော်မုဇ်ရေလက်ကြား ပဋိပက္ခတွေ စတင်ကတည်းကဆိုရင် ပြည်ပကနေ တင်သွင်းရတဲ့ ရုပ်ကြွင်းလောင်စာတွေအတွက် ကျွန်မတို့အနေနဲ့ ယူရို ဘီလီယံ ၉၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071