Tuesday, August 4, 2026

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...
HomeInternationalတရုတ်-ရုရှားကုန်သွယ်ရေး ပုံမှန်အတိုင်းဆက်ရှိနေမည်--ပေကျင်း

တရုတ်-ရုရှားကုန်သွယ်ရေး ပုံမှန်အတိုင်းဆက်ရှိနေမည်–ပေကျင်း

မြူးနစ်၊ဖေဖော်ဝါရီ ၁၅

ရေနံနှင့်သဘာဝဓါတ်ငွေ့ဝယ်ယူခြင်းဖြင့် တရုတ်က ရုရှား ကို ထောက်ပံ့နေသည်ဟူသော သံသယများကြားမှပင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးသည် ပုံမှန်အတိုင်းဆက်ရှိနေမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြူးနစ်လုံခြုံရေးညီလာခံ၌ “China in the World” ဟူသောခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားပြီးနောက် အမေးအဖြေများဖြေကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့်ရုရှားတို့သည် အဓိကအားဖြင့် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့်နိုင်ငံများဖြစ်ကြသကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် မဟာမိတ်မဟုတ်၊ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိ၊မည်သည့်နိုင်ငံကိုမျှရည်ရွယ်ခြင်းမရှိသည့် မိတ်ဖက်ဆက်ဆံရေးမျိုးကိုထူထောင်ခဲ့ခြင်းမျိုးသာဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ထို့အတွက်ကြောင့် နှစ်နိုင်ငံကြားရှိ စီးပွားရေးနှင့်ကုန်သွယ်ရေးအတွက်ဆက်ဆံမှုသည် မည်သို့ပင်ဖြစ်စေ ပုံမှန်အတိုင်းသာဆက်လည်ပတ်နေလိမ့်မည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

အကယ်၍ ရုရှားထံမှရေနံနှင့်သဘာဝဓါတ်ငွေ့ဝယ်ယူခြင်းမရှိပါက လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိသည့်ပေကျင်းအတွက် လိုအပ်လာမည့် လောင်စာအရင်းအမြစ်ကို မည်သည့်နေရာမှရရှိနိုင်ပါမည်နည်းဟုလည်းဝမ်ကပြောကြားခဲ့သေးသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ရပ်နားမည်

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071