Friday, July 31, 2026

တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက်...

နိုင်ငံတော်အစိုးရသည် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” တို့ကို အဓိကဦးစားပေးရည်မှန်းချက်များအဖြစ် ချမှတ်ထားပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူများ၏...

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး သုံးလအတွင်း အနိမ့်ဆုံးကျဆင်းပြီးမှ...

ဓာတ်ဆီ92တစ်လီတာ ကျပ် ၃၆၄၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၃၉၈၅ ဖြစ်လာ ရန်ကုန်၊ ဇူလိုင်-၃၁ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၄ ဝန်းကျင်အထိ...

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ်...

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊...

လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ အနိမ့်ပိုင်းဒေသများ အရေးပေါ်...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်ရေကာတာသည် မြစ်ရေတွန်းအားကြောင့် တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ထိုသို့...
HomeNewsLocal Newsတပ်မတော်ကို ခေတ်မီ Standard...

တပ်မတော်ကို ခေတ်မီ Standard Army အဖြစ် တည်ဆောက်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နေပြည်တော်၊ ဇူလိုင် ၃၁

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားပြည့်ဝသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် ယနေ့ ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နှင့်အညီ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကာ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များကို အစိုးရက မူဝါဒများချမှတ်၍ ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့နှင့် ဥပဒေစည်းမျဉ်းစည်းကမ်းထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Law Force Police) ဟူ၍ လုပ်ငန်းတာဝန်အလိုက် ခွဲခြားလေ့ကျင့်ပေးသွားမည်ဖြစ်သည်။

အလားတူ အဂတိကင်းရှင်းပြီး လေ့ကျင့်သားပြည့်ဝသည့် ရဲတပ်ဖွဲ့ဖြစ်ပေါ်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်ရေးအဆင်ပြေစေရန် ရဲတပ်ဖွဲ့အိမ်ရာများကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် အစိုးရ၏ အမျိုးသားမူဝါဒများ ချမှတ်ဖော်ဆောင်မည်

နိုင်ငံတော်အစိုးရသည် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” တို့ကို အဓိကဦးစားပေးရည်မှန်းချက်များအဖြစ် ချမှတ်ထားပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတို့အတွက် အောက်ပါမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင်ပြောကြားခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ အဓိကမူဝါဒများ ၁။ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးမူဝါဒလွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများနှင့် ခိုင်မာသည့် လွှတ်တော်စနစ်တို့မှတစ်ဆင့် ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ကို တည်ဆောက်သွားမည်။ ၂။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးမူဝါဒတိုင်းရင်းသားပြည်သူအားလုံး၏ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုတို့ကို...

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး သုံးလအတွင်း အနိမ့်ဆုံးကျဆင်းပြီးမှ ပြန်တက်လာ

ဓာတ်ဆီ92တစ်လီတာ ကျပ် ၃၆၄၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၃၉၈၅ ဖြစ်လာ ရန်ကုန်၊ ဇူလိုင်-၃၁ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၄ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး သုံးလအတွင်း အနိမ့်ဆုံးအထိ ကျဆင်းပြီးမှ ယနေ့တွင် ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၃၁ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင်...

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ် ဖော်ဆောင်မည်

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ်မြှင့်တင်ကာ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြကြောင်း၊ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071