Friday, July 24, 2026

ရန်ကုန်အပါအဝင် ဒေသ ၁၃ ခု...

ရန်ကုန်၊ ဇူလိုင် ၂၄ ရန်ကုန်အပါအဝင် ဒေသ ၁၃ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာရေကြီး-မြေပြိုအန္တရာယ် ကြိုတင်သတိပြုရန်...

မန္တလေး – မြစ်ကြီးနားရထားလမ်းပိုင်း၌ သံလမ်းထိန်းကလစ်များခိုးယူခံရ၍...

နေပြည်တော်၊ ဇူလိုင်-၂၄ မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်း၊ နန်းခွင်နှင့် ဟိုပင်ဘူတာအကြားတွင် မြန်မာ့မီးရထားပိုင် သံလမ်းထိန်းကလစ်များ ခိုးယူဖျ-က်ဆီးခံရမှုကြောင့် ရထားစက်ခေါင်းနှင့် တွဲများ လမ်းချော်ကျသည့်...

MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း...

နေပြည်တော်၊ ဇူလိုင် ၂၄ ယခင်က ရက်သတ္တပတ်ပေါင်းများစွာမှ လပေါင်းများစွာအထိ ကြာမြင့်ခဲ့သည့် MSME ချေးငွေ စိစစ်မှုလုပ်ငန်းစဉ်များကို မိနစ်ပိုင်း သို့မဟုတ် ရက်အနည်းငယ်အတွင်း အချိန်တိုမြန်ဆန်စွာ...

UNFPA နှင့် နားလည်မှုစာချွန်လွှာ (MoU)...

နေပြည်တော်၊ ဇူလိုင်-၂၄ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr....
HomeMoviesတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး တွေ့ဆုံ

ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia တို့သည် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရက လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ဖိတ်ခေါ်ထားမှု၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသည့် ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီးနှိမ်နင်းလျက်ရှိမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် နှစ်နိုင်ငံတပ်မတော်များအကြား နည်းပညာ၊ သတင်းအချက်အလက်ဖလှယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်အပါအဝင် ဒေသ ၁၃ ခု မိုးကြီးနိုင်ပြီး ရေကြီး-မြေပြိုအန္တရာယ် ကြိုတင်သတိပြုရန် တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၂၄ ရန်ကုန်အပါအဝင် ဒေသ ၁၃ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာရေကြီး-မြေပြိုအန္တရာယ် ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းမှု အားကောင်းနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင်...

မန္တလေး – မြစ်ကြီးနားရထားလမ်းပိုင်း၌ သံလမ်းထိန်းကလစ်များခိုးယူခံရ၍ ရထားလမ်းချော်မှုဖြစ်ပွား

နေပြည်တော်၊ ဇူလိုင်-၂၄ မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်း၊ နန်းခွင်နှင့် ဟိုပင်ဘူတာအကြားတွင် မြန်မာ့မီးရထားပိုင် သံလမ်းထိန်းကလစ်များ ခိုးယူဖျ-က်ဆီးခံရမှုကြောင့် ရထားစက်ခေါင်းနှင့် တွဲများ လမ်းချော်ကျသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းအတွင်း မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း ဟိုပင်မြို့နယ် နန်းခွင် ဘူတာမှ ထွက်ခွာလာသော ရထားလမ်းလုံခြုံရေးကင်းလှည့်ရထားသည် နန်းခွင်နှင့်ဟိုပင်ဘူတာအကြား မိုင်တိုင် ၆၅၄/၂ နှင့် ၁ ကြားသို့ရောက်ရှိစဉ် ရထားစက်ခေါင်းနှင့်အတူ တွဲနှစ်တွဲလမ်းချော်ကျမှုဖြစ်ပွားခဲ့သဖြင့် နန်းခွင်-ဟိုပင်လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။ အဆိုပါ ဖြစ်ပွားသည့်နေရာသို့...

MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း ရေးဆွဲတည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဇူလိုင် ၂၄ ယခင်က ရက်သတ္တပတ်ပေါင်းများစွာမှ လပေါင်းများစွာအထိ ကြာမြင့်ခဲ့သည့် MSME ချေးငွေ စိစစ်မှုလုပ်ငန်းစဉ်များကို မိနစ်ပိုင်း သို့မဟုတ် ရက်အနည်းငယ်အတွင်း အချိန်တိုမြန်ဆန်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားလိုက်သည်။ ဇူလိုင် ၂၃ ရက်က နေပြည်တော်တွင် ကျင်းပသည့် MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း (MSME Digital Lending Application) တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ MSME Digital Lending...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071