Friday, July 24, 2026

ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ...

နေပြည်တော်၊ ဇူလိုင် ၂၄ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ လက်ရှိတွင်...

မတ္တရာနှင့် ပတ်ဝန်းကျင်ကျေးရွာအချို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ

မတ္တရာ၊ ဇူလိုင်-၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ပျ-က်စီးသွားသည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်ပြီးနောက် လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးနေပြီဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။ မတ္တရာမြို့နယ်အတွင်းရှိ...

ပေါင်မြို့နယ်အတွင်း ကြက်ခြံ၊ ဥယျာဉ်ခြံနှင့် ဆပ်ပြာစက်ရုံများကို...

ပေါင်၊ဇူလိုင်-၂၄ ဒေသတွင်း ကြက်ဥလိုအပ်ချက် ဖြည့်ဆည်းရေးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လည်ပတ်မှုကို စစ်ဆေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပေါင်မြို့နယ်အတွင်းရှိ လုပ်ငန်းအချို့သို့ (ဇူလိုင်...

လန်ဒန်မြို့တွင် ကျင်းပသည့် ASEAN-London Committee...

နိုင်ငံတော်ခရီးစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများ ရှင်းလင်း လန်ဒန်၊ဇူလိုင်-၂၄ မြန်မာသံရုံး (လန်ဒန်) ၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းသည်...
HomeNewsLocal Newsမန္တလေး - မြစ်ကြီးနားရထားလမ်းပိုင်း၌...

မန္တလေး – မြစ်ကြီးနားရထားလမ်းပိုင်း၌ သံလမ်းထိန်းကလစ်များခိုးယူခံရ၍ ရထားလမ်းချော်မှုဖြစ်ပွား

နေပြည်တော်၊ ဇူလိုင်-၂၄

မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်း၊ နန်းခွင်နှင့် ဟိုပင်ဘူတာအကြားတွင် မြန်မာ့မီးရထားပိုင် သံလမ်းထိန်းကလစ်များ ခိုးယူဖျ-က်ဆီးခံရမှုကြောင့် ရထားစက်ခေါင်းနှင့် တွဲများ လမ်းချော်ကျသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းအတွင်း မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း ဟိုပင်မြို့နယ် နန်းခွင် ဘူတာမှ ထွက်ခွာလာသော ရထားလမ်းလုံခြုံရေးကင်းလှည့်ရထားသည် နန်းခွင်နှင့်ဟိုပင်ဘူတာအကြား မိုင်တိုင် ၆၅၄/၂ နှင့် ၁ ကြားသို့ရောက်ရှိစဉ် ရထားစက်ခေါင်းနှင့်အတူ တွဲနှစ်တွဲလမ်းချော်ကျမှုဖြစ်ပွားခဲ့သဖြင့် နန်းခွင်-ဟိုပင်လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားသည့်နေရာသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာနေရာ၌ သံလမ်း(၃)ဆက် ပေ(၁၂၀)ခန့်နှင့် ၎င်းနေရာအနီးရှိ မိုင်တိုင်အမှတ် ၆၅၃/၁၈- ၂၀ ကြားနေရာ၌ သံလမ်း(၃)ဆက်ပေ(၁၂၀)ခန့် စုစုပေါင်းပေ(၂၄၀)ခန့်အတွင်း သံလမ်းထိန်းကလစ် (၄၀၈)ခု ဖြုတ်ယူထားကြောင်းစစ်ဆေးတွေ့ရှိရပြီး သံလမ်းထိန်း ကလစ်များ ဖြုတ်ယူခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် လမ်းချော်ကျခဲ့သည့်စက်ခေါင်းနှင့်တွဲများ ‘မ’တင်ခြင်းနှင့် ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့သည့်အတွက် ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ရထားလမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်သည် ရထားစီးခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်ပြီး ပျ-က်စီးဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့ရနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မသမာသူများ၏လုပ်ရပ်အားတွေ့ရှိပါက ရထားမတော်တဆမှုများ ကာကွယ်နိုင်ရန် သက်ဆိုင်ရာသို့ အချိန်မီအကြောင်းကြားသွားရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ဂ)အရ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနှင့်သက်ဆိုင်သည့် မည်သည့်ဆက်စပ်နေသော အရာဝတ္ထုကိုမဆိုဆွဲထုတ်ဖယ်ရှားခြင်း၊ ဖြေလျှော့ခြင်း၊ ရွှေ့ပြောင်းခြင်း (သို့မဟုတ်) ဖျ-က်ဆီးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ(၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ မပိုသော ထောင်ဒ-ဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ ပြန်လည်ပြုပြင်ပြီးစီး၍ စက်စွမ်းအားပြည့် ဓာတ်အားထုတ်လုပ်နေပြီဖြစ်

နေပြည်တော်၊ ဇူလိုင် ၂၄ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ လက်ရှိတွင် စက်စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိသည့် အဆိုပါ စက်ရုံသည် တပ်ဆင်စက်အင်အား ၁၄၀ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနေသည့် အဓိက စက်ရုံတစ်ရုံ...

မတ္တရာနှင့် ပတ်ဝန်းကျင်ကျေးရွာအချို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ

မတ္တရာ၊ ဇူလိုင်-၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ပျ-က်စီးသွားသည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်ပြီးနောက် လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးနေပြီဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။ မတ္တရာမြို့နယ်အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် လိုင်းအချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြ-တ်တေ-ာက် ပျ-က်စီးခဲ့ရာမှ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်တွင် တိုင်းဒေသကြီး တာဝန်ရှိသူများ တက်ရောက်ကာ လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မတ္တရာမြို့နယ် တောင်ပြုံးဓာတ်အားခွဲရုံနှင့် မတ္တရာဓာတ်အားခွဲရုံတို့မှတစ်ဆင့် ထရန်စဖော်မာ ၁၂၆ လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေပြီး အိမ်ထောင်စု/ပြည်သူ ၁၂,၀၀၀ ကျော် လျှပ်စစ်မီး...

ပေါင်မြို့နယ်အတွင်း ကြက်ခြံ၊ ဥယျာဉ်ခြံနှင့် ဆပ်ပြာစက်ရုံများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်း

ပေါင်၊ဇူလိုင်-၂၄ ဒေသတွင်း ကြက်ဥလိုအပ်ချက် ဖြည့်ဆည်းရေးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လည်ပတ်မှုကို စစ်ဆေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပေါင်မြို့နယ်အတွင်းရှိ လုပ်ငန်းအချို့သို့ (ဇူလိုင် ၂၃ ရက် )နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာတွင် တည်ဆောက်ရန် လျာထားသည့် အဆင့်မြှင့် အအေးခန်းစနစ်သုံး ဥစားကြက် မွေးမြူရေးခြံ (Evaporative Cooling Systems Layer Farm) မြေနေရာသို့ သွားရောက်ကာ မြေပြင်အခြေအနေ၊ ရေနှင့် လျှပ်စစ်မီး ရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071