ယနေ့ ဧပရယ်(၁၂)ရက် (တန်ခူးလပြည့်) နံနက်ပိုင်းအချိန်၌ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်ကြသည်ကိုတွေ့ရသည်။
နေ့အလိုက် မွေးနံထောင့်များတွင်ရေသပ္ပါယ်ခြင်း၊ ဆီးမီးပူဇော်ခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရပြီး၊ ယက္ခမယ်တော်ကြီး စံနန်းတွင်လည်း ဓိဌာန်ပွဲထိုး ဆုတောင်းသူများကိုလည်းတွေ့မြင်ရသည်။
ရှင်အဇ္ဇဂေါဏတန်ဆောင်းနှင့် ရင်ပြင်ရှေ့ အာရုံခံတန်ဆောင်းများတွင်လည်း တရားထိုင် ပုတီးစိပ် ဓိဌာန်ဝင်နေသူများကိုလည်း တွေ့ရသည်။
