တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ဧရာဝတီတိုင်းတို့တွင် ယနေ့ မေ ၂၂ ရက်နံနက်ပိုင်းက ယာဥ်တို-က်မှုများ၊ သရက်ပင်ကိုင်းရို-က်ခတ်ခံရမှုတို့ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်း၊ ကျောင်းကုန်းနှင့် ဒါးကကြား မိုင်တိုင်အမှတ် ၈၂/၅ နှင့် ၈၂/၆ ကြားတွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ယာဉ်တို-က်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးသေဆုံးကာ အမျိုး သား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခို-က်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့၍ သစ္စာရှင်လူမှုကူညီရေးအသင်းက ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ သစ်တောရုံးလမ်းနှင့် မြို့ရှောင်လမ်းထောင့်တွင် နံနက် ၈ နာရီ ၄ မိနစ်ခန့်က Probox ကားနှင့် ဆိုင်ကယ်တို-က်မိ၍ ဆိုင်ကယ်ပေါ်မှ အမျိုးသား(၁)ဦးမှာ ထိခို-က်ဒ-ဏ်ရာ(မစိုးရိမ်ရ)နှင့် ကလေး(၁)ဦး ထိခို-က်ဒ-ဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ဇဗ္ဗူသီရိလူမှုကူညီရေးအသင်းက ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်ကလည်း မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ စကားဝါ(၁)လမ်းတွင် နေအိမ်ရှိ သရက်ပင်မှ အကိုင်းအခတ်များခုတ်ရာမှအပင်ခတ်ရို-က်မိ၍ အမျိုးသား(၁)ဦးအပင်ပေါ်၌ သတိလစ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များကကူညီကယ်ဆယ်ပြီး ရှင်သန်ခြင်းပရဟိတအသင်းမှ နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
