တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ဆဌမနေ့ကို ယနေ့ ဧပြီလ (၉) ရက် နံနက်ပိုင်းက မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ဆဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၈၅)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၄)ဦးရှိကာ စုစုပေါင်း(၈၁)ဦး တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်းကြေညာသည်။
ထို့နောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူမှ ပေးပို့လာသည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာန(၇)ဌာနတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီမံကိန်း၊ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြော င်းဝန်ကြီး ဦးဆန်းဝင်း၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သောင်းနိုင် စုစုပေါင်းတိုင်းဒေသကြီးဝန်ကြီး(၇)ဦး၏အမည်စာရင်းအားလွှတ်တော်တွင် တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူအတ ည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့လာသည့် တိုင်းရင်းသားလူမျိုးများရေးရာကိစ္စရပ်များဆောင်ရွက်မည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစိန်ဖေနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးငွန်ဘွလ်ထန် တို့အား ခန့်အပ်တာဝန် ပေးအပ်ခြင်းကို လွှတ်တော်တွင် တင်ပြအ တည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူ အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူမှ ပေးပို့လာသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်း နန်းယွန်းမြို့နယ် မဲဆန္ဒနယ်မြေ(၂) အပါအဝင် အလုပ်အမှုဆောင်ကော်မတီဝင်(၅)ဦး ဖွဲ့စည်းထားရှိမှုအား လွှတ်တော်တွင် တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူ အတည်ပြု မှတ်တမ်းတင်ကြောင်းကြေညာသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့် က အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်က အဆိုပါ ကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို ရှင်းလင်းဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး စုစုပေါင််း (၉) ဦးတို့၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၂၆ခုနှစ်၊ ဧပြီလ (၁၀) ရက် ၊ ညနေ (၄) နာရီအရောက် လွှတ်တော်ရုံးအကြီးအမှူးထံ တင်ပြရန် ကြေညာသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌမှ စက်မှု၊ လက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းဘလင်းပြောကြားပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက အဆိုပါ ကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို ရှင်းလင်းဖတ်ကြားသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက စက်မှု၊ လက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး စုစုပေါင်း(၁၉)ဦးတို့၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၂၆ခုနှစ်၊ ဧပြီလ (၉) ရက် ညနေ (၄) နာရီအရောက် လွှတ်တော်ရုံးအကြီးအမှူးထံ တင်ပြရန် ကြေညာသည်။
ထို့နောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဌမနေ့ ကို ရပ်နားလိုက်ကြောင်းနှင့် အစည်းအဝေးသတ္တမနေ့ ကို ၂၀၂၆ခုနှစ် ၊ ဧပြီလ (၁၀) ရက်၊ နံနက် (၁၀) နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
