Tuesday, April 14, 2026

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ထိုင်းက လူနေမှုစရိတ် သက်သာရေး အစီအစဉ်များကို...

စနေနေ့တွင် ထိုင်းအစိုးရအဖွဲ့သည် ထိခို_က်လွယ်သော အုပ်စုများအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများကိုပါ ပစ်မှတ်ထားသည့် လူနေမှုစရိတ်သက်သာမှုအစီအစဉ်ကို အတည်ပြု နိုင်ဖွယ်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas...

တောင်ကိုရီးယားလေကြောင်းလိုင်းများထိုင်းခရီးစဉ်များကိုပြောင်းလဲပစ်

အရှေ့အလယ်ပိုင်းစစ်ပွဲသည် လေကြောင်းကဏ္ဍကိုဆက်လက် ထိခို_က်နေရာ ဂျက်လေယာဉ် လောင်စာဆီ ဈေးတက်ခြင်းကြောင့် တောင်ကိုးရီးယား လေကြောင်းလိုင်းများသည် ခရီးစဉ်များကို ညှိနှိုင်းပြောင်းလဲရသည် သို့မဟုတ် အချို့ ထိုင်းခရီးစဉ်များကို...

နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်လှစ်

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ တက်ရောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့်နေပြည်တော်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲတို့ကို ယနေ့ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)နံနက်က ကျင်းပရာ နိုင်ငံတော်သမ္မတနှင် ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နေပြည်တော်မြို့တော်ဝန်...
HomeMoviesဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင်...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက်

အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပါဝင်ခြင်းမှာ တရုတ်နိုင်ငံနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိသော ဒေသတွင်း အစုအဖွဲ့များတွင် ဂျပန်အနေဖြင့် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာကြောင်း ပြသနေခြင်းကြောင့် ဖြစ်သည်။

ယခုနှစ် Salaknib စစ်ရေးလေ့ကျင့်မှုကို လူဇုန်ကျွန်း မြောက်ပိုင်းတွင် တနင်္လာနေ့မှစတင်၍ ကျင်းပလျက်ရှိပြီး အမေရိကန်နှင့် ဖိလစ်ပိုင်တပ်မတော်တို့မှ စစ်သည်အင်အား ၇,၀၀၀ ကျော် ပါဝင်လေ့ကျင့်လျက်ရှိသည်။

အမေရိကန်တပ်မတော်၏ ပြောကြားချက်အရ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် “တပ်မတော်နှစ်ရပ်အကြား တိုက်ပွဲဝင်ရန် အသင့်ဖြစ်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို မြှင့်တင်ရန်ဖြစ်ပြီး စစ်ရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိကထား လုပ်ဆောင်သွားမည်” ဖြစ်သည်။

ယခုနှစ်တွင် ဂျပန်ကြည်းတပ်မှ စစ်သည်အင်အား ၄၂၀ ခန့်သည် သြစတြေးလျနှင့် နူးဇီလန်နိုင်ငံတို့မှ စစ်သည်များနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့ပေသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ဖိလစ်ပိုင်ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ဂျပန်တပ်ဖွဲ့ဝင်များ သည် ဖိလစ်ပိုင်မြေပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

Salaknib စစ်ရေးလေ့ကျင့်မှု၏ ပထမအဆင့်ကို ဧပြီလ ၁၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ရက်အနည်းငယ်အကြာတွင် နှစ်နိုင်ငံစလုံးမှ စစ်ဘက်ဆိုင်ရာ ကဏ္ဍအားလုံး ပါဝင်မည့် ပိုမိုကြီးမားသော Balikatan အမေရိက-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
 
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ် ‘ခရစ်စတယ်’ က လမ်းသစ်စထွင်

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က...

ထိုင်းက လူနေမှုစရိတ် သက်သာရေး အစီအစဉ်များကို ပြင်ဆင်နေ

စနေနေ့တွင် ထိုင်းအစိုးရအဖွဲ့သည် ထိခို_က်လွယ်သော အုပ်စုများအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများကိုပါ ပစ်မှတ်ထားသည့် လူနေမှုစရိတ်သက်သာမှုအစီအစဉ်ကို အတည်ပြု နိုင်ဖွယ်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏ဝန်ကြီးဌာနနှင့် ဆက်စပ်အေဂျင်စီများသည် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ထိခို_က်လွယ်သောအုပ်စုများနှင့် စိုက်ပျိုးရေးကဏ္ဍအပေါ် မြင့်မားသောစွမ်းအင် စျေးနှုန်းများ၏ သက်ရောက်မှုကို လျှော့ချရန် အစီအမံများကို အဆိုပြုမည်ဖြစ်ကြောင်း Mr Ekniti က ပြောကြားခဲ့သည်။ သယ်ယူပို့ဆောင်ရေးနှင့် ရေလုပ်ငန်းကဏ္ဍများသည် ကြီးမားသောကုန်ကျစရိတ်ဖိအားများနှင့် ရင်ဆိုင်နေရပြီး ပိုမိုကျယ်ပြန့်သော စီးပွားရေးသက်ရောက်မှုများကို ကန့်သတ်ရန် အစိုးရ၏...

တောင်ကိုရီးယားလေကြောင်းလိုင်းများထိုင်းခရီးစဉ်များကိုပြောင်းလဲပစ်

အရှေ့အလယ်ပိုင်းစစ်ပွဲသည် လေကြောင်းကဏ္ဍကိုဆက်လက် ထိခို_က်နေရာ ဂျက်လေယာဉ် လောင်စာဆီ ဈေးတက်ခြင်းကြောင့် တောင်ကိုးရီးယား လေကြောင်းလိုင်းများသည် ခရီးစဉ်များကို ညှိနှိုင်းပြောင်းလဲရသည် သို့မဟုတ် အချို့ ထိုင်းခရီးစဉ်များကို ဆိုင်းငံ့ထား ခဲ့ရသည်။ T'way Air မှ သုဝဏ္ဏဘူမိနှင့် အင်ချွန်းလေဆိပ်တို့အကြား နေ့စဉ် ပျံသန်းပြေးဆွဲမည့် ခရီးစဉ်များကို မေလ ၉ ရက် နေ့အထိသာ ဆက်လက်ထားရှိမည်ဖြစ်ပြီး မေလ ၁၀ ရက်မှ ဇူလိုင် ၁၄ ရက်အထိ တပတ်လျှင် ၂ ကြိမ် သာပျံသန်းတော့မည်ဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071