Monday, June 22, 2026

GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်လမ်းကြောင်းမှ...

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း...

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ...

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာ(၂၆)ဦးအား ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း...

တစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို စာရင်းသေအဖြစ်...

ဘဏ်စာရင်းများ ပြန်လည်အသုံးပြုခြင်းနှင့် ဝန်ဆောင်ခ သတ်မှတ်ချက်များအသုံးပြုခွင့် ယာယီပိတ်သိမ်းခြင်း စာရင်းသေအဖြစ် သတ်မှတ်ခံရသည့် ဘဏ်စာရင်းများကို ဘဏ်ခွဲများတွင် သာမန်အတိုင်း အသုံးပြုခွင့်အပြင် အီလက်ထရွန်နစ်ဘဏ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊...

မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု(၅၃)ဦးကိုကြိုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု (၅၃)ဦးအား ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက...
HomeNewsLocal Newsတစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်း...

တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်း ချက်လုပ်နိုင်သော Modular Type စက်ရုံအား ယခုနှစ်အတွင်း လည်ပတ်နိုင်ရေး ဆောင်ရွက်နေ

အမှတ် (၁)ရေနံချက် စက်ရုံ(သန်လျင်) ၌ တစ်နှစ်လျှင် ရေနံ စိမ်းတန်ချိန် (၅)သိန်း ချက်လုပ်နိုင်သော Modular Type စ က်ရုံကို ယခုနှစ်အတွင်း လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်နေကြောင်း သိရသည်။

လက်တလော၌ လိုအပ်ချက်များ ဖြစ်သည့် စက်ပစ္စည်းများထုတ်လုပ်မှု (၁၀၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ရေနံစိမ်းနှင့် ရေနံထွက် ပစ္စည်းဖြန့်ဖြူးပေးမည့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ (၁၀) ရာခိုင်နှုန်း ပြီးစီပြီဖြစ်သည်ဟု သိရသည်။

ထိုနည်းတူ စက်ရုံအတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရန် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းလည်း (၉၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြေပြင်စက်ရုံတည်ဆောက်နေမှု လုပ်ငန်းအခြေအနေတွင်လည်း (၂၅) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေကာ သတ်မှ တ်ထားသည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် လည်ပတ်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စက်သုံးဆီလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် တန်ချိန် (၅)သိန်း ချက်လုပ်နိုင်သော Modular Type စက်ရုံ စီမံကိန်းပြီးစီးပါက ဒုတိယအဆင့်အနေဖြင့် (၁)နှစ်လျှင် ရေနံစိမ်းတန်ချိန် (၃)သန်းချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံ အသစ်ကို ၂၀၂၈ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးရန် လျာထားဆောင်ရွက်နေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်လမ်းကြောင်းမှ လွဲချော်သည့် ဆီသယ်ယာဉ်(၂)စီး ဖမ်းဆီးရမိ

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ်များတွင် GPS စနစ်တပ်ဆင်ကာ Online Monitoring Center မှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား သက်ဆိုင်ရာနေရာများသို့သာ ပို့ဆောင်ခြင်း ရှိ၊ မရှိကို တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် ယာဉ်များအနက် ဆီသယ်ယာဉ်အမှတ် 5P/8614...

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ(၂၆)ဦးအား အခမဲ့ခွဲစိတ်ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာ(၂၆)ဦးအား ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်ကုသမှုအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်ကာ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူဘွဲ့လွန် သင်တန်းသားများက အခမဲ့ကုသပေးခဲ့ကြခြင်း ဖြစ်သည်။ ခွဲစိတ်ကုသမှုတွင် မွေးရာပါနှုတ်ခမ်းကွဲ လူနာ(၁၅)ဦးနှင့် အာခေါင်ကွဲ လူနာ(၁၁)ဦး...

တစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို စာရင်းသေအဖြစ် သတ်မှတ်ပြီး ဝန်ဆောင်ခကောက်ခံမည်ဟု ဧရာဝတီဘဏ် ထုတ်ပြန်ဧရာဝတီဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော စာရင်းရှင်စာရင်း၊ ငွေစုဘဏ်စာရင်းနှင့် ခေါ်ယူအပ်ငွေစာရင်းများ၌ နောက်ဆုံး ငွေသွင်း/ငွေထုတ် ပြုလုပ်ခဲ့သည့် နေ့ရက်မှစ၍ ရက်ပေါင်း (၃၆၅) ရက် (တစ်နှစ်) ပြည့်မြောက်သည်အထိ တစ်စုံတစ်ရာ အသုံးပြုခြင်း မရှိပါက...

ဘဏ်စာရင်းများ ပြန်လည်အသုံးပြုခြင်းနှင့် ဝန်ဆောင်ခ သတ်မှတ်ချက်များအသုံးပြုခွင့် ယာယီပိတ်သိမ်းခြင်း စာရင်းသေအဖြစ် သတ်မှတ်ခံရသည့် ဘဏ်စာရင်းများကို ဘဏ်ခွဲများတွင် သာမန်အတိုင်း အသုံးပြုခွင့်အပြင် အီလက်ထရွန်နစ်ဘဏ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊ ငွေပေးချေမှုစနစ်၊ အလိုအလျောက်ငွေထုတ်စက်များနှင့် ကတ်စနစ်များအပါအဝင် မည်သည့်နည်းလမ်းဖြင့်မဆို ပြန်လည်အသုံးပြုခြင်းကို ယာယီပိတ်သိမ်းထားမည်ဖြစ်သည်။ ၎င်းစာရင်းများကို ပြန်လည်အသက်သွင်းလိုပါက နီးစပ်ရာ ဘဏ်ခွဲများသို့ ကာယကံရှင်ကိုယ်တိုင် လူကိုယ်တိုင်သွားရောက် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ စာရင်းထိန်းသိမ်းခ ကောက်ခံခြင်းကာလရှည် အသုံးပြုခြင်းမရှိသည့် အသက်မဝင်သော ဘဏ်စာရင်းများအတွက် တစ်လလျှင် စာရင်းထိန်းသိမ်းခ (၃,၀၀၀) ကျပ်နှင့် စာရင်းသေစာရင်းများအတွက် တစ်လလျှင် (၅,၀၀၀) ကျပ်နှုန်းဖြင့် (၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071