Tuesday, May 26, 2026

ပျော်ရွှင်စွာကျောင်းအပ်နေကြသည့် ကျောင်းသား/သူများ ရန်ကုန်တိုင်းဝန်ကြီး ချုပ်နှင့်စကားလက်ဆုံကျ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးရက် သတ္တပတ်အား မေ ၂၅ ရက်မှစတင်ခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှုနှင့် ကျောင်းသား/သူများ ပျော်ရွှင်စွာကျောင်းအပ်နေမှုတို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ...

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက်...

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊...

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင်...
HomeNewsLocal Newsတစ်နိုင်ငံလုံးယာဉ်မောင်းနှင်မှု ကန့်သတ်ရန် တောင်ကိုရီးယားချိန်ဆနေ

တစ်နိုင်ငံလုံးယာဉ်မောင်းနှင်မှု ကန့်သတ်ရန် တောင်ကိုရီးယားချိန်ဆနေ

အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ထောက်ပံ့ဖြည့်တင်းမှုဆိုင်ရာအခက်အခဲများအကြား စွမ်းအင်ဝယ်လိုအားကို ထိန်းချုပ်ရန် အာဏာပိုင်များက ကြိုးပမ်းနေချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ထပ်မံမြင့်တက်လာပါက တောင်ကိုရီးယားအစိုးရသည် အများပြည်သူဆိုင်ရာ ယာဉ်မောင်းနှင်မှု ကန့်သတ်ချက်များကို တိုးချဲ့ရန် စဉ်းစားနေကြောင်း အကြီးတန်းအရာရှိများက ပြောကြားခဲ့သည်။

လက်ရှိတွင် တစ်စည်လျှင် ဒေါ်လာ ၁၀၀ မှ ၁၁၀ အထိရှိနေသော ရေနံစိမ်းဈေးးနှုန်းများသည် ဒေါ်လာ ၁၂၀ မှ ၁၃၀ အထိ မြင့်တက်လာပါက အစိုးရသည် အစိုးရဌာနများကိုသာမက ခရီးသည်တင်ကားအသုံးပြမှုကိုပါ ကန့်သတ်ရနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ကိုးယွန်ချိုးလ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

စွမ်းအင်ချွေတာရန်အတွက် ၁၀ ရက်ကြာ ယာဉ်အလှည့်ကျစနစ်ကို ကျင့်သုံးခဲ့သည့် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲနောက်ပိုင်း နိုင်ငံ၏ ပထမဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မောင်းနှင်မှုကန့်သတ်ချက်ဖြစ်လာမည်ဖြစ်သည်။

“အရှေ့အလယ်ပိုင်းအခြေအနေပိုဆိုးလာခဲ့ရင် အကျပ်အတည်းသတိပေးချက်က တပ်လှန့်မှုအဆင့်ကို ရောက်သွားမှာဖြစ်ပြီး ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ သုံးစွဲမှုကို ထိန်းချုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ကိုးက နိုင်ငံ၏ အဆင့်လေးဆင့်ရှိသော အရင်းအမြစ်ဖူလုံရေးဆိုင်ရာ အကျပ်အတည်းသတိပေးချက်စနစ်တွင် တတိယအမြင့်ဆုံးအဆင့်သို့ ရွေ့လျားမှုကို ရည်ညွှန်း၍ ဒေသတွင်းရုပ်သံတစ်ခုကို ပြောကြားခဲ့သည်။

အိမ်ထောင်စုများအပေါ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် လောင်စာဆီအခွန် ထပ်မံလျှော့ချရန်ကို အစိုးရက စဉ်းစားနိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ၎င်း၏ ရေနံစိမ်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းပြီး ဒေသတွင်းတင်းမာမှုများကြောင့် ထောက်ပံ့ဖြည့်တင်းမှုဆိုင်ရာ ပြတ်တောက်မှုများနှင့် ဈေးနှုန်းအတက်အကျများကို အလွန်အမင်းရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အစိုးရကဏ္ဍအတွက် မဖြစ်မနေလိုက်နာရမည့် ငါးရက်ကြာ ယာဉ်အလှည့်ကျမောင်းနှင်မှုစနစ်ကို ပြဌာန်းခဲ့ပြီး လိုင်စင်နံပါတ်များအပေါ် အခြေခံ၍ ယာဉ်အသုံးပြုမှုကို အစိုးရက ကန့်သတ်ခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပျော်ရွှင်စွာကျောင်းအပ်နေကြသည့် ကျောင်းသား/သူများ ရန်ကုန်တိုင်းဝန်ကြီး ချုပ်နှင့်စကားလက်ဆုံကျ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးရက် သတ္တပတ်အား မေ ၂၅ ရက်မှစတင်ခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှုနှင့် ကျောင်းသား/သူများ ပျော်ရွှင်စွာကျောင်းအပ်နေမှုတို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက ယနေ့ မေ ၂၆ ရက်တွင်ကြည့်ရှုခဲ့သည်။ အင်းစိန်မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းနှင့် မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းအပ်နေသည့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများကို နှုတ်ဆက်စကားပြောကြားခဲ့သည်။ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း၌ ကျောင်းအပ်နှံသည့် ကျောင်းသား/သူများကို နိုင်ငံတော်ကအခ မဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများအား တစ်ပါ တည်းပေးအပ်လျက်ရှိသည်။

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ သင်းအား ငွေကျပ်သိန်း (၄၀၀) ကျော်ဂုဏ်ပြုချီးမြှင့်

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ငွေကျပ် (၁၂၅) သိန်း၊ ဒု-ဥက္ကဋ္ဌ (၁) ဦးအောင်မြင့်မြတ်က (၇၅) သိန်းကျပ်၊ ဒု-ဥက္ကဋ္ဌ (၂) ဦးဖြိုး‌ဇော်ဦးက (၂၅) သိန်းကျပ်၊ ROCKER ENERGY DRINK မှ ငွေကျပ်သိန်း (၁၈၀)၊ Bebee TV မှ ငွေကျပ်သိန်း (၂၀)၊ GLORY...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက် မီးမလေ-ာင်စေရန်အအေးပေး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် (၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလေ-ာင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071