Friday, July 31, 2026

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ်...

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊...

လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ အနိမ့်ပိုင်းဒေသများ အရေးပေါ်...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်ရေကာတာသည် မြစ်ရေတွန်းအားကြောင့် တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ထိုသို့...

အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့်...

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊...

အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော...

နေပြည်တော်၊ ဇူလိုင် ၃၁ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာဆက်ဆံရေးတွင်...
HomeNewsLocal Newsတစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး နိုင်ငံရေးနည်းလမ်းဖြင့်...

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း

အစိုးရသစ်ရက်၁၀၀ တွင် တိုင်းရင်းသားလက်နက်ကိုင်(၁၃)ဖွဲ့ နှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြော

နေပြည်တော်၊ ဇူလိုင် ၃၁

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်မှစ၍ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိရေးသည် မဖြစ်မနေလိုအပ်ကြောင်းလည်း အလေးထားပြောကြားသည်။

အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် လက်နက်ကိုင်လမ်းစဉ်ပေါ် ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးနိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သကဲ့သို့ “ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ထားရှိသည်” ဟူသည့် ခံယူချက်ဖြင့်လည်း ဆက်လက်ဖိတ်ခေါ်ထားကြောင်း သိရသည်။

အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများအားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀(င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးသဘောတူချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) တို့ကို NCA အပိုဒ် ၂၀(စ)နှင့်အညီ ဆွေးနွေးအတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အချက် ၄၃ ချက်ပါ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှတစ်ဆင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်သည် အစိုးရတစ်ရပ်တည်း၏တာဝန်မဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ ပူးပေါင်းတာဝန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့ကြောင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရေးအတွက် ပြည်သူများနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်း တတ်စွမ်းသရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက အလေးအနက် တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ် ဖော်ဆောင်မည်

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ်မြှင့်တင်ကာ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြကြောင်း၊ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများတွင်...

လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ အနိမ့်ပိုင်းဒေသများ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုင်းအစိုးရအဖွဲ့ သတိပေး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်ရေကာတာသည် မြစ်ရေတွန်းအားကြောင့် တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ထိုသို့ တာကျိုးပေါက်မှုကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂.၅ ပေခန့် စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ ရေဘေးအန္တရာယ် ကျရောက်နိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အရေးပေါ် သတိပေး နှိုးဆော်ထားသည်။ တာအတွင်းသို့ စီးဝင်လာသော မြစ်ရေများသည် ဖြစ်စဉ်နေရာ၏ အရှေ့ဘက် မြစ်ကျိုးအင်းမှတစ်ဆင့်...

အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများရရှိ

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဒေသတွင်းချိတ်ဆက်မှုနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးတို့တွင် အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071