Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsတစ်ယောက်ကို တစ်ယောက်Checkလုပ်စရာမလိုဘူးဆိုတဲ့ရဲရင့်အောင်

တစ်ယောက်ကို တစ်ယောက်Checkလုပ်စရာမလိုဘူးဆိုတဲ့ရဲရင့်အောင်

သြဂုတ်လထဲမှာ အသက် ၂၅နှစ်ပြည့်ခဲ့တဲ့ ရဲရင့်အောင်ကို အရင် ရဲရင့်အောင်နဲ့ အခု ရဲရင့်အောင် ဘာတွေပြောင်းလဲသွားပြီလဲဆိုတာ မေးဖြစ်တော့ –

“ဘာမှမပြောင်းလဲဘူး။ ဒီအတိုင်းချည်းပဲ။ မကောင်းတာတွေကလည်း ဒီအတိုင်း ကျန်နေတုန်းပဲ။ ကျွန်တော်အသက်ကြီးလာမှ ပိုသိလာတယ်။ ငါက တော်တော်မကောင်း ဘူးပေါ့နော်။ ဒါပေမဲ့ ပြောင်းလို့မရဘူး။ အဲဒါက ကျွန်တော်ဖြစ်နေတော့ မရဘူး။ မကောင်းမှန်းသိသိချည်းနဲ့ လက်ခံနေရတာ တော်တော်အဆင်မပြေဘူးဗျ။ ကျွန်တော့် ခန္ဓာကိုယ်တည်ဆောက်ပုံကြီးကိုလည်း ကျွန်တော် မကြိုက်ဘူး။ ဘော်ဒီ တွေကြီးချင်တာ၊ Muscle တွေရှိချင်တာမဟုတ်ဘူး။ ကျွန်တော့်ခန္ဓာကိုယ်ကြီးက တစ်ခုခု ဆို အရမ်း Weak တယ်။ ကျွန်တော် တစ်ရက်လောက်အိပ်ရေးပျက်ပြီ ဆိုရင် နောက် ၃ရက်လောက်အလုပ်လုပ်လို့မရတော့ဘူး။ အဲဒါကို ကျွန်တော်တော် တော်မကြိုက်ဘူး။ အဲဒါ ကျွန်တော့် ခန္ဓာကိုယ်ကြီးဖြစ်နေတယ်” လို့ ရဲရင့်အောင် က သူ့ရဲ့ လက်ရှိအခြေအနေကိုပြောပြပါတယ်။

ချစ်သူနဲ့ ညဘက်တွေမှာ Check လုပ်တဲ့အနေနဲ့ Video Call တွေဘာတွေ ခေါ်ရ သေးလားလို့မေးတော့ “Video Call ကတော့ လိုအပ်ရင် တစ်ခါတလေဆိုမှ တစ်ခါတလေ ပြောဖြစ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေက အမြဲတမ်း တွေ့နေတော့ Video Call က မလိုဘူး။ Check လုပ်တဲ့အနေနဲ့လည်း မခေါ်ပါဘူး။ သူ့ဘက်မှာ တစ်ခုခုပြစရာရှိရင် ကျွန်တော့်ကိုခေါ်တယ်။ ကျွန်တော်လည်း ကျွန်တော့်ဘက်က တစ်ခုခုပြစရာရှိရင် သူ့ကိုခေါ်တယ်။ Check လုပ်စရာတော့ မလိုဘူးထင်တယ်(ရယ်လျက်)” လို့ ရဲရင့်အောင်ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမည့်အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆)ဦးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ အမြဲတမ်းအလုပ်အဖွဲ့ကိုယ်စားလှယ်(၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုအတည်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချဆွေးနွေး​ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝါသီးနှံမျိုးသန့်စံပြစိုက်အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းမြေဩဇာ GBS 15:15:15+TE (၁၁၇)အိတ်ကိုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071