Home News Local News တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းတွင် ခင်နှင်းဝေ ဖိုင်နယ်တက်၊ ရွှေတံဆိပ်အတွက် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်မည်

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းတွင် ခင်နှင်းဝေ ဖိုင်နယ်တက်၊ ရွှေတံဆိပ်အတွက် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်မည်

0
62

နာဂိုယာ၊ စက်တင်ဘာ ၁၉

ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား ခင်နှင်းဝေသည် ရှုံးပွဲမရှိရလဒ်ဖြင့် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုရရှိရေး ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ခင်နှင်းဝေသည် လက်ဘနွန်ကစားသမားနှင့် တွေ့ဆုံခဲ့ရာ ပထမပွဲ၌ ၁၂-၇ မှတ်၊ ဒုတိယပွဲ၌ ၁၂-၈ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ Women’s Singles ဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ခင်နှင်းဝေသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိရလဒ်ဖြင့် ဖိုင်နယ်အဆင့်အထိ တက်ရောက်လာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံမှ ကစားသမားနှင့် ရွှေတံဆိပ်လုပွဲ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယင်းပွဲတွင် အနိုင်ရရှိပါက ခင်နှင်းဝေအနေဖြင့် မြန်မာနိုင်ငံအတွက် တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။