Friday, September 18, 2026

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား...

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...
HomeNewsLocal Newsညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့် မြဧရာပုံနှိပ်တိုက်နှင့်...

ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့် မြဧရာပုံနှိပ်တိုက်နှင့် Parallel Book House ကို အရေးယူထား

ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် မြဧရာပုံနှိပ်တိုက်နှင့် Parallel Book House ကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရုတ်သိမ်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဖော်ပြပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ (၈)၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော အထက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ၂၀၂ ၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ရုပ်သိမ်းခြင်း၊ ထုတ်ဝေစာ အုပ်များကို တရားမဝင်ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေခြင်းများကို ပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက လူမှုအကျိုးပြုထူးချွန်ဆုရရှိ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဇင်ဦးက "Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Langcang Regional Countries" ဆောင်းပါးဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပသောဆုပေးပွဲတွင် Best Public Impact...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား ခုနစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်း

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား တစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူလျက်ရှိသည်။ လက်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၃၄၄ ဦးအနက်...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူ ၁၈၆ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခါးပိုက်နှိုက်မှု ၂၀၆ မှုနှင့် ဆက်စပ်၍ အမျိုးသား ၁၆၅ ဦးနှင့် အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၁၈၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများထံမှ သက်သေခံပစ္စည်းများအဖြစ် လက်ကိုင်ဖုန်း ၂၃၅ လုံးနှင့် ငွေကျပ် ၆,၈၈၅,၇၀၀ ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071