Thursday, July 30, 2026

မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား...

ယနေ့ (ဇူလိုင် ၂၉ ရက်) ညပိုင်းက မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု သိသိသာသာ...

ဒုတိယဝါဆိုလပြည့် ညချမ်း ချိန်ခါဝယ် သီရိမင်္ဂလာ...

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ "သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး" ရင်ပြင်တော်ပေါ်၌ ဆီမီးပူဇော်သူများ၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများသူများနှင့် အထူးပင်...

သာသနာရေးရာ ချစ်ကြည်ရေးပြယုဂ်ရန်ကုန် စွယ်တော်မြတ်စေတီတော်၌ ယနေ့...

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်ရှိ ရန်ကုန်စွယ်တော်မြတ်စေတီတော် (ဓမ္မဓာတုဇေယျစွယ်တော်မြတ်စေတီ) သို့ လာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် တရားဘာဝနာ...

အနုပညာ၊ ဗိသုကာ၏ သပ္ပါယ်မှုဖြင့်ပြည့်စုံသောလောကချမ်းသာ အဘယလာဘမုနိ...

ရန်ကုန်၊ ဇူလိုင် ၂၉ယနေ့ကျရောက်သည့် သာသနာ့နေ့ထူးနေ့မြတ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စိန်မြဧရာကုန်းတော်ပေါ်၌ ကိန်းဝပ်စံပယ်တော်မူသော "လောကချမ်းသာ အဘယလာဘမုနိ"...
HomeInternationalဉာဏ်ရည်တုနည်းပညာဖြင့် ခံတွင်းကင်ဆာရှိ,မရှိ သိနိုင်ပြီ

ဉာဏ်ရည်တုနည်းပညာဖြင့် ခံတွင်းကင်ဆာရှိ,မရှိ သိနိုင်ပြီ

ဩဂုတ် ၂၅

‘ဉာဏ်ရည်တု နည်းပညာခေတ်တွင် ခံတွင်းကင်ဆာ သတိပြု’ ဟူသော စာကို စိတ်ဝင်တစားဖတ်ရှုပြီးနောက် ဉာဏ်ရည်တုသည် တိကျသည့် ဆေးဘက်ဆိုင်ရာ ခံတွင်းပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာမှုတွင် သိသိသာသာ တိုးတက်လာသည်ကိုတွေ့ရှိခဲ့ရသည်။ ဉာဏ်ရည်တုက ခံတွင်းကင်ဆာ ရှိ၊မရှိမှု စစ်ဆေးမှု၌တိုးတက်စေရန် အလွန်အကျိုးရှိစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။

သို့သော်လည်း လက်တွေ့ကုသမှုအတွေ့အကြုံများက ပြသနေသည်မှာ၊ ပါးစပ်ကင်ဆာ ရှိ၊မရှိ စီစစ်ခြင်းတွင် လက်ရှိ ဉာဏ်ရည်တု နည်းပညာအတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ် ရှိနေကြောင်း ဖော်ပြသည်။

အတိအကျမဟုတ်သော ခံတွင်းဆိုင်ရာ အကြောင်းအရင်းများ (ဥပမာ ပူလောင်သောခံစားမှု၊ နာကျင်ကိုက်ခဲခြင်း၊ ဆီးချိုရောဂါ)၊ မကြာခဏဆိုသလို ပါးစပ်ပူလောင်ခြင်းရောဂါလက္ခဏာ(BMS) အဖြစ်သာ ကနဦးစစ်ဆေးတွေ့ရှိလေ့ရှိသည်။ ဤ BMS ကဲ့သို့သော လက္ခဏာများသည် စိတ်ဖိစီး‌သော ခံစားချက်များ၏ လက္ခဏာရပ်များဖြစ်ပြီး ထင်ရှားပေါ်လွင်သော ဒဏ်ရာများ (သို့) မျက်မြင်ဖြင့်သေချာစွာ မတွေ့မြင်နိုင်သောအခါအရာများဖြစ်၍ တိတိကျကျခွဲခြားရန်ခက်ခဲပါသည်။

လေ့လာမှုများက အတိအကျမဟုတ်သော ရောဂါလက္ခဏာများကို ဖော်ထုတ်ရာတွင် အေအိုင်၌ အကန့်အသတ် များရှိ နေသည်။ လက်ရှိတွင် ကျွမ်းကျင်သူဆရာဝန်များ၏ ကုသမှုဆိုင်ရာ စီရင်ဆုံးဖြတ်ခြင်းများကသာ အကောင်းဆုံးဖြစ်သည်။

ဉာဏ်ရည်တု AI ရောဂါရှာဖွေရေးကိရိယာများကို အဓိကအားဖြင့် သိရှိနိုင်ရန် လေ့ကျင့်သင်ကြားပေးထားသည့် ပုံမှန်မြင်သာထင်သာအချက်များမပါလျှင် ခွဲခြားရန်အလွန်ခက်ခဲသည်။ အချို့သော ခံတွင်းကင်ဆာများ၊ အထူးသဖြင့် ခံတွင်းအမြှေးအောက်ရှိ endophytic OSCC များသည် အစောပိုင်းအဆင့်တွင် မျက်မြင်သေချာစွာမတွေ့နိုင်လျှင် ရောဂါကိုဖော်ထုတ်ရန် ခက်ခဲသည်။

ဉာဏ်ရည်တု AI သည် အမြင်အာရုံဖြင့် ကြည့်၍အချက်အလက်များတွင် ပုံစံများကို ခွဲခြားသတ်မှတ်ရာတွင် ထူးချွန်သော်လည်း ရောဂါလက္ခဏာများ အတိအကျမဟုတ်သည့်အပြင် ထင်ရှားသောအချက်အလက်များ  သို့မဟုတ် ပိုင်းခြားရန်ခက်ခဲသည့်ကိစ္စများတွင် ၎င်း၏အပလီကေးရှင်းသည် ကန့်သတ်ချက်များရှိနိုင်သည်။ ဤလူနာများအတွက်၊ အသေးစိတ်လူနာမှတ်တမ်းနှင့် ဂရုတစိုက်နောက်ဆက်တွဲအဖြစ် ပါးစပ်အတွင်း နာကျင်မှုတစ်ခုခုရှိမရှိကို အကဲဖြတ်ရန် ဦးခေါင်းနှင့်လည်ပင်းစစ်ဆေးမှုအပါအဝင် စေ့စေ့စပ်စပ်လက်တွေ့ချဉ်းကပ်မှုသည် အရေးကြီးဆုံးဖြစ်နေဆဲဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ဉာဏ်ရည်တု AI ၏ တိုးတက်မှုများကို လက်ခံယုံကြည်လျှင် ၎င်း၏ အကန့်အသတ်ဖြင့်သာ ရှိနေသော စွမ်းရည်ကိုပါ လက်ခံရန်လိုပါသည်။ အထူးသဖြင့် ရှုပ်ထွေးသောကုသမှုများတွင် ပို၍အရေးကြီးပါသည်။

ကင်ဆာရောဂါအဖြစ် မပေါ်သေးသည့် လူနာများ၊ သို့မဟုတ် အထူးသီးသန့်မဟုတ်သော လက္ခဏာများဖြင့် လာရောက်ကြသော လူနာများအတွက် လိုအပ်သည်မှာ သတိထား၍ စောင့်ကြပ်မှု၊ မျိုးစုံပေါင်းစပ်ထားသည့် စမ်းသပ်စစ်ဆေးမှုများနှင့် လက်ရှိအခြေအနေများကို သေချာစွာ စဉ်းစားဆောင်ရွက်ခြင်းဖြစ်သည်။လိုအပ်သော ဆေးဘက်ဆိုင်ရာ လုပ်ဆောင်ချက်များကသာ ကင်ဆာကို အစောဆုံးတွေ့ဆုံနိုင်မည် ဖြစ်ပါသည်။

Ref: ဘီဒီဂျေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား ၄.၅ မဂ္ဂနီကျူရှိ မြေငလျင် လှုပ်ခတ်

ယနေ့ (ဇူလိုင် ၂၉ ရက်) ညပိုင်းက မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု သိသိသာသာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ငလျင်မှာ ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီ ၃၂ မိနစ် ၄၅ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ (အောင်မြေသာဇံမြို့နယ်၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ) မြေအနက် ၁၅ ကီလိုမီတာကို...

ဒုတိယဝါဆိုလပြည့် ညချမ်း ချိန်ခါဝယ် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး၏ အေးချမ်းမှု

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ "သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး" ရင်ပြင်တော်ပေါ်၌ ဆီမီးပူဇော်သူများ၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများသူများနှင့် အထူးပင် ကြည်နူးသပ္ပါယ်လျက်ရှိသည်။ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးသည် ၁၉၅၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို အကြောင်းပြု၍ ကမ္ဘာပေါ်ရှိ စစ်မီးများ ငြိမ်းအေးပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာအေးမြပါစေခြင်း ငြိမ်းချမ်းရေး မင်္ဂလာနိမိတ်အဖြစ် အေးမြသော ဘွဲ့မည်တော် "ကမ္ဘာအေး" ဟု ကိန်းဝပ်စံပယ် သမုတ်တည်ထားခဲ့သည့် သမိုင်းဝင် စေတီတော်မြတ်ကြီး ဖြစ်သည်။ ယနေ့ ဓမ္မစကြာနေ့ထူးနေ့မြတ် တွင်ကမ္ဘာသူ...

သာသနာရေးရာ ချစ်ကြည်ရေးပြယုဂ်ရန်ကုန် စွယ်တော်မြတ်စေတီတော်၌ ယနေ့ မြင်ကွင်း

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်ရှိ ရန်ကုန်စွယ်တော်မြတ်စေတီတော် (ဓမ္မဓာတုဇေယျစွယ်တော်မြတ်စေတီ) သို့ လာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် တရားဘာဝနာ ပွားများသူများဖြင့် အထူးကြည်နူးသပ္ပါယ်စွာ စည်ကားလျက်ရှိသည်။ ရန်ကုန်စွယ်တော်မြတ်စေတီတော်သည် ၁၉၉၄ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ ကြွရောက်၍ ပထမအကြိမ် ဒိဋ္ဌဓမ္မ ပူဇော်ခံစဉ်က စွယ်တော်မြတ်၏ ရင်ငွေ့တော်ကို ခိုလှုံပူဇော်ခွင့် ရရှိခဲ့သည့် သမိုင်းဝင် သာသနာ့အမှတ်အသားတစ်ရပ် ဖြစ်သည်။ ထိုသို့ စွယ်တော်မြတ် ကြွရောက်လာစဉ် သက်ဆိုင်ရာမှ စွယ်တော်မြတ်၏ ပုံသဏ္ဌာန်အတိုင်း ပုံတူစွယ်တော်ပွား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071